လေကြာင်းတိုက်ခိုက်မှုကြောင့်ထီးချိုင့်မှာ၅ရက်အတွင်း အရပ်သား ၁၀၀ကျော်သေဆုံး

၁၄၊နိုဝင်ဘာ၊၂၀၂၃

Zalen

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့မှာ စစ်ကောင်စီက နိုဝင်ဘာ ၈ရက်နေ့မှစ ၁၃ရက်နေ့အထိ

လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ပြီး ၅ရက်အတွင်း မွေးကင်းစကလေးနဲ့အမျိုးသမီးအများစုအပါဝင် အရပ်သားပြည်သူ ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ ထီးချိုင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Zalen ad

လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးတဲ့ ပြည်သူအများစုမှာ ရဟန်းသံဃများ၊ သက်ကြီးရွယ်အိုများ၊မွေးကင်းစကလေးသူငယ်များနဲ့အမျိုးသမီးများ အများစုသေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော့်အသိထဲကဆိုရင် တစ်မိသားစုလုံးနီးပါး သေသွားတာအိမ်ထဲမှာ ပုန်းနေတာကို လေယာဉ်က အိမ်ပေါ်တည့်တည့်ကို ဗုံးကြဲသွားတာ။တစ်ချို့လန့်လို့ပြေးရင်းနဲ့ လေယာဉ်ဗုံးထိလို့ လမ်းမပေါ်မှာတွေသေကုန်ကြတယ်။ အိမ်ထဲမှာသေတာက မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေများတယ်”လို့ ထီးချိုင့်ဒေသခံတစ်ဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ သုံးသောင်းကျော် စစ်ဘေးရှောင်နေရပြီး၊ရပ်ကွက်ပေါင်း ၁၃ခုပျက်စီးသွားပြီး၊ကျန်ရှိနေတဲ့ မြို့ပေါ်က အိမ်တွေကို စစ်ကောင်စီက Vacuum Bombs များသုံးပြီး ဆက်လက်မီးရှို့ဖျက်စီးနေတယ်လို့ သိရပါတယ်။

သတင်း-HAK

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်