ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေ ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြရန် ပလက်ဝခရိုင်ကောင်စီ ထုတ်ပြန်

၁၄ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၃ ခုနှစ်

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင်အပြင် အခြားဝန်ထမ်းတွေအနေဖြင့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြရန် ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သောခရိုင် ကောင်စီက ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ မှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သောခရိုင် ကောင်စီ၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) နဲ့ ဆက်သွယ်၍ ဖြစ်စေ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ဆက်သွယ်၍ဖြစ်စေ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် အသိပေးထားပါတယ်။

Zalen ad

ပြည်သူ့ရင်ခွင်ထံခိုလှုံလာတဲ့ စစ်သား၊ ရဲတပ်ဖွဲ့ဝင်တွေကို အသက်အန္တရာယ်လုံခြုံရေးကို အာမခံတဲ့အပြင်၊  လူ့ဂုဏ်သိက္ခာနဲ့အညီ မည်သည့် ညှည်းပန်း နှိပ်စက်မှု၊ ဖမ်းဆီးချုပ်နှောင်မှုမရှိဘဲ ဘေးကင်းလုံခြုံတဲ့နေရာကို ပို့ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။

ပလက်ဝခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ဆင်ရေးကာလအတွင်း အကြမ်းဖက် စစ်ကောင်စီကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ အားပေးထောက်ခံခြင်း၊ ဒေါက်တိုင်ပြုလုပ်ခြင်း စတဲ့လုပ်ရပ်တွေကို မပြုလုပ်ကြရန် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း- ခူမီး

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်