(၃)ရက်အတွင်း နွေဦး ဘဏ်အစုရှယ်ယာ တိုကင် ဝယ်ယူမှုအမေရိကန် ဒေါ်လာ ( ၅) သန်းအထိရှိလာ

၂၀ ၊ နိုဝင်ဘာ ၊ ၂၀၂၃

Zalen

(၃) ရက်အတွင်း မှာ နွေဦး ဘဏ်အစုရှယ်ယာ တိုကင် ဝယ်ယူမှု အမှာစာ အမေရိကန်ဒေါ်လာ ( ၅) သန်းအထိ ရရှိခဲ့တယ်လို့သိရပါတယ်။

နိုဝင်ဘာ ၁၇ ရက်ကနေ နိုဝင်ဘာ ၂၇ ရက်အထိ  အစုရှယ်ယာဝင်များကိုဖိတ်ခေါ်ထားရာ ၇၂ နာရီ (၃) ရက်အတွင်း မှာပဲ အမေရိကန်ဒေါ်လာ (၅) သန်းရရှိကာ နိုင်ငံပေါင်း (၃၃) မှအကောင့် အသစ်ဖွင့်သူပေါင်း (၂၀,၀၀၀) ခန့် ရှိလာတယ်လို့ ဒီကနေ့မနက် မှာ Spring Development Bank က ထုတ်ပြန်ထားပါတယ်။

Zalen ad

နွေဦး ဘဏ်အနေဖြင့် နိုင်ငံပေါင်း (၂၃) နိုင်ငံမှာ ဘဏ်ဝန်ဆောင်မှုပေးနေတဲ့ပြည်သူ့ဓနဆက်ဆံရေးအရာရှိ RMsပေါင်း (၁၈၀) ဟာကိုယ်ရေးကိုယ်တာ နဲ့သက်ဆိုင်ရာလုပ်ငန်းတာဝန်တွေကြားဟန်ချက်ညီစွာ အကောင်းဆုံး ဖြစ်အောင် ဂန္တဝင်မြောက်တဲ့ပေးဆက်အနစ်နာခံမှုပိုမိုရှိပါတယ်လို့ဆိုပါတယ်။

အစုရှယ်ယာ ဝင်အနေဖြင့် နွေဦးဘဏ် အသုံးပြုသူများစုဝေးရာအသိုက်အဝန်းကိုကူညီထောက်ပံ့နေတဲ့ Myan Crypto မှ Community Moderator များပဲဖစ်ပြီး ယိမ်းယိုင်ခြင်းမရှိတဲ့စွမ်းဆောင်ချက်တွေ စုစည်းရာဖြစ်နေတာကြောင့်ပူးပေါင်းညှိနှိုင်းမှုတွေကိုထိန်းကျောင်းရာမှာအလွန်အရေးပါတယ်လို့ဆိုပါတယ်။

နွေဦးဘဏ် ကို နိုဝင်ဘာလ ၁၇ ရက်နေ့မှ နိုဝင်ဘာလ၂၇ ရက်နေ့အထိ သတ်မှတ်ထားပြီး  အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ရည်မှန်းချက်ထားပြီး အစုရှယ်ယာဝင်များအပြင်  ပါဝင်ပတ်သက်နေသူတွေ အားလုံးအတွက်အကျိုးကျေးဇူးတွေ ဖော်ဆောင်နိုင်ဖို့ခိုင်မာစွာ အုတ်မြစ် တည်ရှိနေတယ်လို့ဆိုထားပါတယ်။

သမိုင်းသစ်

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်