ကလေးမြို့မှာ စက်သုံးဆီစျေး အဆမတန်မြင့်တက်နေ

၂၀၊နိုဝင်ဘာ၊၂၀၂၃

Zalen

စစ်ကိုင်း၊ကလေးမြို့မှာ ဓာတ်ဆီစျေး တစ်ဂါလံ သုံးသောင်းကျော်နေပြီး အခြေခံလူတန်းစားဒေသခံပြည်သူများ အခက်တွေ့နေကြောင်းသိရပါတယ်။

“မဟာမြိုင်လမ်းလည်းပိတ် ကုန်းကြောင်းလမ်းက အကုန်ပိတ်နေတော့ ကားတွေဝင်မရဘူး။ကားမဝင်တာတော့ ၁လလောက်ရှိပြီ အဲဒါကြောင့် ဒီဇယ်နဲ့ဓာတ်ဆီစျေးတက်ကုန်တာပါ”လို့ စက်သုံးဆီလုပ်ငန်းလုပ်ကိုင်တဲ့ဆိုင်ပိုင်ရှင် တစ်ဦးကပြောပါတယ်။

Zalen ad

ကလေးမြို့မှာ စက်သုံးဆီ ဒီဇယ်နဲ့ဓာတ်ဆီစျေးဟာ တစ်ရက်ပြီးတစ်ရက် စျေးမြင့်တက်နေတာလည်းဖြစ်ပြီး စက်သုံးဆီဆိုင် တစ်ချို့လည်း ဆီမရှိတော့တာကြောင့် ဆိုင်ပိတ်ရပြီလို့လည်းသိရပါတယ်။ မရင်ကတော့ ကလေးမြို့နယ်မှာ ဓာတ်ဆီစျေးဟာ တစ်ဂါလံ နှစ်သောင်းကျော်နဲ့ စျေးငြိမ်နေပြီး အခုရက်ပိုင်းအတွင်း အခုလို ဆီစျေးမြင့်တက်လာတာဖြစ်ပါတယ်။

ဒေသခံပြည်သူတစ်ဦးက”ဒီနေ့မနက် ဓာတ်ဆီဝယ်တာ တစ်ဂါလံ ၃၄၀၀၀ရှိတယ်။ ညနေပြန်သွားဝယ်တော့ ၃၆၀၀၀ဖြစ်သွားပြီ။ ဒီဇယ်ကလည်း ရိုးရိုးဒီဇယ်ဘဲရှိတော့တယ်။  ပရီမီယံတော့မရှိတော့ဘူး။တစ်ချို့ဆီဆိုင်တွေကဝယ်လို့တောင်မရတော့ဘူး။တစ်နေ့လုပ်တစ်နေ့စားရတဲ့လူတွေအတွက်တော့ အခက်တွေ့တယ်။ ဆီစျေးနဲ့တင်တစ်နေ့လုပ်စာကုန်သွားတယ်”လို့ Zalen ကိုပြောပါတယ်။

ယာဉ်မောင်းသမားနဲ့ ဆိုင်ကယ်ကယ်ရီသမားတွေအတွက်လည်း ဆီစျေးမြင့်တက်နေတာကြောင့် သယ်ယူပို့ဆောင်ရေးခလည်းပိုတောင်းရပြီး၊အခြေခံလူတန်းစားတွေအတွက်လည်း ယာဉ်ဌားခံစျေးတက်နေတာကြောင့် အခက်တွေ့နေကြတာလည်းဖြစ်ပါတယ်။

အခုလို လောင်စာဆီစျေးတက်တာ ကလေးမြို့နယ်တစ်ခုပဲလို့သိရပြီး ချင်းပြည်နယ်မှာ တစ်လီတာကို ၄၀၀၀ ကျပ်နဲ့ဝယ်လို့ရတယ်လို့သိရတယ်။

HAK

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါး ဈေးတက်လာပြီး လူတဦးကို ၈ထောင်ဖိုးသာ ရောင်းချ

ဧပြီ ၂၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး ဆီဆိုင် တချို့က အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၁၂၀၀၀ ၀န်းကျင်အထိ ဈေးတက်နေပြီး ...

ဆက်ဖတ်ရန်