လိုင်လင်းပီ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး စစ်ရှောင်ပြည်သူ ၃၀၀၀ ကျော်အကူညီအရေးပေါ်လိုအပ်

၂၂ ၊ နိုဝင်ဘာ ၊ ၂၀၂၃

Zalen

မတူပီမြို့နယ်၊ လိုင်လင်းပီ မြို့ပေါ်ကို အကြမ်းဖက်စစ်ကောင်စီ က လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄ ဦးသေဆုံးပြီး စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ကျော်အတွက်  စားဝတ်နေရေးနဲ့ကျန်းမာရေးအရေးပေါ်လိုအပ်နေတယ်လို့သိရပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် တော်လှန်ရေးသမားများ အရေးပေါ်လိုအပ်တဲ့အချိန်ကူညီဖို့ ကျန်ရှိနေတဲ့ ပြည်သူ ၄ ဦးအထိ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့သိရပြီး ဦးငိုခါ ရဲ့ ရုပ်အလောင်းကိုတော့ သဂြိုလ် ခဲ့ပြီး လိုင်လင်းပီ Come School မှာ ၁ ဦး ထိတဲ့လူကိုတော့ နိုဝင်ဘာ ၂၁ နဲ့ အလောင်းကောက်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။ ကျန်ရှိနေတဲ့ အလာင်း ၂ လောင်း ကိုယခုအချိန်ထိ ကောက်ယူနိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံတစ်ချို့ထံမှသိရပါတယ်။

Zalen ad

” တိုက်ပွဲဖြစ်မယ်ဆိုတာလဲ ပြည်သူတွေကိုအသိမပေးထားဘူးဆိုတော့ ကျတော်တို့ အလော နဲ့ပြင်ဆင်ပြီး ပြေးထွက်လာကြတော့ စားစရာကအစ ကြိုတင်မစုထားဘူး။ အခုတောထဲမှာဖြစ်သလို နေကြတယ်” လို့ ဒေသခံ တစ် ဦးက Zalen ကိုပြောပါတယ်။

စစ်ဘေးရှောင် ပြည်သူ ၃၀၀၀ ကျော်ထဲမှာ တစ်ချို့က အိန္ဒိယနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင် သူတွေလည်းရှိပြီး လိုင်လင်းပီနဲ့ အနီးကျေးရွာ ၉ မိုင် အပါအဝင် တချို့ရွာတွေမှာ ခိုလှုံကြတယ်လို့သိရပါတယ်။

ပြည်သူ၁၀၀၀ ကျော်ဟာ တောထဲ မှာ စစ်ဘေးရှောင် ကြပြီး ” ဆန် တွေလည်း ကျတော်တို့ များများ မသယ်ကြဘူး။ ဆောင်းရာသီဆိုတော့ အအေးမိတာတွေလည်းရှိတယ်။ စစ်ရှောင်နေတဲ့ နေရာတွေကမတူကြတော့ ဆေးဝါးကုသဖို့လည်းအတော်ခက်ခဲတယ်”လို့ ဒေသခံ တစ်ဦးကို ထပ်ပြောပါတယ်။

သတင်း – သမိုင်းသစ်

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်