မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် စစ်ဘေးရှောင်များအရေး လောင်တလိုင်ခရိုင်အဆင့်ကော်မတီများ တွေ့ဆုံဆွေးနွေး

၈၊ဇွန်လ၊ ၂၀၂၄

Zalen

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း ဝင်ရောက်ခိုလှုံကြတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ့်စစ်ဘေးရှောင်များ အရေး ကို ခရိုင်အဆင့် တာဝန်ရှိသူများကဇွန်လ ၇ ရက်နေ့မှာ လောင်တလိုင်ခရိုင်ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံမှုမှာ လောင်တလိုင်ခရိုင် ရုံးအသီးသီးက တာဝန်ရှိသူများ၊ ရဲမှူး နဲ့ အရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ ဗဟို လိုင်လူငယ်အဖွဲ့အစည်း (CYLA) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကာ စစ်ဘေးရှောင်များ အရေး မှာ သူတို့လုပ်ဆောင်တဲ့ လုပ်ငန်းအသီးသီးကို တင်ပြဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

Zalen ad

အစည်းအဝေးအတွင်း လောင်တလိုင်ခရိုင်အတွင်းမှာ ရှိတဲ့ စစ်ဘေးရှောင်များအတွက် အခမဲ့ ဆေးခန်းများ ဖွင့်လှစ်ရေး အပါအဝင် အစားအသောက်နဲ့ နေရာထိုင်ခင်းတွေအတွက် ဆက်လက်ကူညီပံ့ပိုးပေးဖို့ ဆွေးနွေး ခဲ့ကြတယ်လို့ ဒေသသတင်းဖြစ်တဲ့ The Lairam Times သတင်းဌာနက ဖော်ပြထားပါတယ်။

လောင်တလိုင်ခရိုင် ရုံးရဲ့ ၂၀၂၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က ကောက်ယူထားတဲ့ စာရင်းအရ ယခုလက်ရှိ လောင်တလိုင်ခရိုင်အတွင်းမှာ မြန်မာစစ်ဘေးရှောင် ၅၉၂၂ ဦး ခိုလှုံလျက်ရှိပါတယ်။ သူတို့အနက် ၁၈၆၀ ဦးက အမျိုးသား၊ ၂၀၄၉ ဦးက အမျိုးသမီးနဲ့ ၂၀၁၃ ဦးက အသက် ၁၈ နှစ်အောက်ကလေးများဖြစ်ကြပါ တယ်။သူတို့ဟာ လောင်တလိုင်ခရိုင်အတွင်းရှိ စစ်ဘေးဒုက္ခသည် စခန်း ၃၈ ခု နဲ့ ကျေးရွာပေါင်း ၅၅ရွာမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ပြည်နယ်ကနေ လောင်တလိုင်ခရိုင်အတွင်းကို လူပေါင်း ၁၈၇၂ ဦး ဝင်ရောက်ခိုလှုံကြပြီး သူတို့ အနက် ၅၈၀ ဦးက အမျိုးသား၊ ၄၉၉ ဦးက အမျိုးသမီးနဲ့ ၇၉၃ ဦးက ၁၈ နှစ်အောက်ကလေးများဖြစ်ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်စစ်ဘေးရှောင်များဟာ စစ်ဘေးဒုက္ခသည်စခန်း ၁၂ နဲ့ ကျေးရွာ ၁၁ ရွာမှာခိုလှုံနေကြတာဖြစ် ပါတယ်။

လောင်တလိုင်ခရိုင်ထဲကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ကိုဗစ်ကာလတုန်းကစလို့ စစ်ဘေးရှောင်များစတင်ဝင်ရောက် လာခဲ့ကြတာဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလ အထိဆက်လက်ဝင်ရောက်သူတွေလည်းရှိနေပါတယ်။ ယခုလိုစစ်ဘေး ရှောင်လာသူများကို အစိုးရတာဝန်ရှိသူများ၊ဘာသာရေးအဖွဲ့အစည်းများနဲ့ အရပ်ဘက်အဖွဲ့အစည်းများက ကူညီစောင့်ရှောင့်ကြတာဖြစ်ပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ်လွှတ်တော်မှ ပြည်နယ်ဝန်ကြီး ၇ ဦးကိုအတည်ပြု

ဧပြီ ၉ ၊ ၂၀၂၆Zalen ဒီကနေ့ ဧပြီလ ၉ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က ခေါ်ယူကျင်းပတဲ့ တတိယအကြိမ် ၊ ချင်းပြည်နယ် လွှတ်တော်အစည်းအဝေး၊ ပဉ္စမနေ့မှာ ပြည်နယ်ဝန်ကြီး ၇ ဦးကိုလွှတ်တော်က အတည်ပြုလိုက်တယ်လို့သိရပါ တယ်။ ...

ဆက်ဖတ်ရန်