ကနေဒီတောင် တပ်စခန်းကို ချင်းလဲန်းကောင်စီတပ်ဖွဲ့ PDA အဖွဲ့ ထိန်းချုပ်ထား

၂၂၊ ဇွန်၊  ၂၀၂၄

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကနေဒီတောင်ပေါ်က စစ်ကောင်စီတပ်စွဲထားခြင်းမရှိတဲ့ စခန်းကို ဇွန်လ ၂၂ ရက်နေ့မှာ ချင်းလဲန်း ကောင်စီတပ်ဖွဲ့ ပြည်သူ့ကာကွယ်‌ရေးတပ်မတော် (People Defence Army) အဖွဲ့က ဝင်ရောက်ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

အင်အားတစ်ရာ၀န်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဟာ  ဇွန်လ ၁၆ ရက်နေ့က တီးတိန်မြို့ကနေ စတင် စစ်ကြောင်းထိုးလာပြီး ဇွန် ၁၈ ရက်နေ့မှာ ကနေဒီတောင်အနီးမှာ PDF-Zoland တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

Zalen ad

အင်အားမမျှတာကြောင့် PDF-Zoland တပ်ဖွဲ့ဟာ ကနေဒီတောင်ကနေ ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ ကနေဒီတောင်မှာ တပ်စွဲထားခြင်းမရှိဘဲ သိုင်းငင်းရွာဘက်သို ဆက်လက်စစ်ကြောင်းထိုးခဲ့ပါတယ်။

ယင်းနေရာကို ချင်းလဲန်းကောင်စီအဖွဲ့ဝင် PDA -Tedim တပ်ဖွဲ့တွေက ဇွန်လ ၂၂ ရက်မနက်ပိုင်းမှာ ကနေဒီတောင်ကုန်း တပ်စခန်းကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်လို့ PDA-Tedim က ထုတ်ပြန်ထားပါတယ်။

 စစ်ကောင်စီတပ်စခန်းကို  ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က PDF-Zoland တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ပေါ်တာကြောင့် လူငယ်မဲ့သွားသော ပလက်ဝမြို့နယ်က ‌ကျေးရွာများ

အယိုက်လင်း ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ခန့်မှစတင်ပြီး အာရက္ခတပ်တော် (ULA/AA) က ၎င်းတို့ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် အမျိုးသမီး၊ အမျိုးသား လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်မှုတွေကို ...

ဆက်ဖတ်ရန်