တမူးမြို့နယ်မှာ ထိတွေ့တိုက်ပွဲတစ်ခုဖြစ်ပွား

ဒီဇင်ဘာ ၂ရက်၊ ၂၀၂၅။

Zalen

စစ်‌ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုကြား ထိ‌တွေ့တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သတင်းအရင်းအမြစ်များဆီက သိရပါတယ်။

ဒီဇင်ဘာ ၁ရက် မနက်အစောပိုင်းက တော်လှန်ရေးအင်အားစုများက တမူးမြို့နယ် စစ်ကောင်စီတပ်များ ဂိတ်ချထားတဲ့ တမူးမြို့အဝင် ၄ မိုင်စစ်ဆေးရေး ဂိတ်ကို သွားရောက်တိုက်ခိုက်ခဲ့လို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Zalen ad

” မနက်စောစော ၆နာရီလောက်ထင်တယ်။ တော်လှန်ရေးရဲဘော်များက ထန်းတပင်နားမှာရှိတဲ့ ၄မိုင် စစ်ဆေးရေးဂိတ်ကို သွားတိုက်တာ။ တိုက်ပွဲဖြစ်တာ နာရီဝက်ကျော်လောက်ဘဲဖြစ်မယ်။ စစ်ခွေးဘက်က ထိတာရှိနိုင်တယ်။ တော်လှန်ရေးရဲဘော်တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ တော်လှန်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ခုက Zalen ကိုပြောပါတယ်။

အခုလို တမူးမြို့အဝင် ထန်းတပင်ကျေးရွာအနီး တမူး-ကလေးလမ်းမပေါ်ရှိ စစ်ကောင်စီတပ်ရဲ့ ၄မိုင် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ပန်းသာကျေးရွာရှိ စစ်ကောင်စီတပ်များက လက်နက်ကြီးများ နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုတိုက်ခိုက်ခံရတဲ့ တမူး-ကလေးလမ်းမပေါ်က ထန်းတပင်ကျေးရွာအနီး စစ်ကောင်စီတပ်ရဲ့ ၄မိုင် စစ်ဆေးရေးဂိတ်ဟာစစ်ကောင်စီထိန်းချူပ်ထားတဲ့ နေရာဖြစ်ပြီး ပန်းသာကျေးရွာကနေ ၂မိုင်ကျော်တာ ကွာဝေးနေတာဖြစ်ပါတယ်။

သတင်း – စနေသား

ဓာတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

အစိုးရဝန်ထမ်းတဦးမှသည် စီဒီအမ်ဈေးသည်မ ဘဝခရီးသို့

နွေဦးဈေးသည်(စီဒီအမ်ဝန်ထမ်းတဦး) ဈေးသည်ဘဝကို အစပြုလာခဲ့တာတော့ ဒီ၂၀၂၁ခုနှစ် ‌ဖေဖော်ဝါရီ ၁ရက်နေ့ ကျမတို့အမိမြန်မာနိုင်ငံတော်ကြီး မတရားအာဏာသိမ်းရာကနေ အစပြုလာခဲ့တာပေါ့လေ။ ဈေးသည်ဖြစ်ရလို့ ဝမ်းနည်းနေတာမဟုတ်ဘူးဟေ့။ ကျမတို့အမေက ဟိုးအရင်ကထဲက ဈေးရောင်းလာတာ ကျမတို့ဘွဲ့ရပညာတတ်လာတာ ဒီဈေးရောင်းရင်းကနေပဲ ရယူလာခဲ့တာပါ။ အမေ့ကိုအားနာတာပါ။ အသက်၄၀ကျော်လေးမှာ မုဆိုးမဖြစ်လာပြီး ...

ဆက်ဖတ်ရန်