မုံရွာမှာ ခရီးသည်တင်ကားတစ်စီး ပြစ်ခတ်ခံရလို့ ယာဉ်မောင်းသေဆုံးသွား

ဖေဖော်ဝါရီ  ၂၂၊  ၂၀၂၆

Zalen

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ခရီးသည်ကားတစ်စီး ပစ်ခတ်ခံရလို့ ယာဉ်မောင်းတစ်ဦး သေဆုံးသွားတယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ညက မုံရွာမြို့ကို လမ်းမှာစဝင်သွားတဲ့ ခရီးသည်တင်ကားတစ်စီးကို သာစည်ထောင်မှ စစ်ကောင်စီတပ်များက တားဆီးစစ်ဆေးမှုမရှိပဲ အခုလို ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

Zalen ad

အခုလို စစ်ကောင်စီက အကြောင်းမဲ့ ပစ်ခတ်ခဲ့တဲ့ကားဟာဘရွှေပီနောင်းယာဉ်ငယ် ကားအသင်းမှ ကားဖြစ်ပြီး ခရီးသည် ၄ ဦးနဲ့ ယာဉ်မောင်းနဲ့ ယာဉ်အကူအပါအဝင် စုစုပေါင်း လူ ၆ ဦးလိုက်ပါလာတာဖြစ်ပါတယ်။

အဲဒီလိုသေဆုံးသွားတဲ့ ယာဉ်မောင်းအမျိုးသားဟာ ဆရာလင်းရွာသားတစ်ဦးဖြစ်ပြီး သမုန်းကုန်းလမ်းခွဲကနေ ပေါက်ငယ်တော အတက် မြောက်နဲ့ တောင် မှားကွေ့ရာမှ သာစည်ထောင်ရှေ့ရောက်သွားလို့ အခုလို ပစ်ခတ်ခံရလို့ သေဆုံးသွားတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်များက ခရီးသည်တင်ကားဖြစ်ကြောင်း သိရှိခဲ့ကြပေမယ့် ကားမှန်တွေကို သေနတ်ဒင်တွေနဲ့ ထုရိုက်ကြတယ်လို့ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ခရီးသွားပြည်သူများအနေနဲ့ လမ်းချိုးလမ်းကွေ့များကို သတိထားသွားလာကြရန်နဲ့ ပုံမှန်သွားလာနေကြတဲ့ ဒေသခံရွာသားတွေတောင် လမ်းတွေမှားတတ်တယ်လို့ ရွာခံတစ်ဦးက သတိပေးထားတယ်လို့ အဲဒီထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။

သတင်း – မိုက်တီး

ပုံစာ – မုံရွာထောင်က စစ်ကောင်စီတပ်များပစ်ခတ်ခဲ့တဲ့ ခရီးသည်ယာဉ်အားတွေ့ရစဉ်။

ဓာတ်ပုံ – မုံရွာသတင်းမှန်ပြန်ကြားရေး။

နောက်ဆုံးရသတင်းများ

ပေါ်တာကြောင့် လူငယ်မဲ့သွားသော ပလက်ဝမြို့နယ်က ‌ကျေးရွာများ

အယိုက်လင်း ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ခန့်မှစတင်ပြီး အာရက္ခတပ်တော် (ULA/AA) က ၎င်းတို့ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် အမျိုးသမီး၊ အမျိုးသား လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်မှုတွေကို ...

ဆက်ဖတ်ရန်