ဒီတပတ်အတွင်းချင်းပြည်အပါ ပြည်နယ်နဲ့တိုင်းဒေသကြီးတချို့မှာမိုးရွာသွင်းနိုင်

ဧပြီ ၂၁ ၊ ၂၀၂၆
Zalen

ချင်းပြည် အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ ဒီတပတ်အတွင်း မိုးရွာသွန်းနိုင်ကြောင်းသိရပါတယ်။

ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နဲ့ တနင်္သရီတိုင်းတို့မှာ နေရာ ကွက်ကြား မိုးရွာသွန်းနိုင်ပြီး ကျန်ပြည်နယ်နဲ့တိုင်းတွေမှာလည်း နေရာကွက်ကြားမိုးအုံးတာ ၊ လေပြင်းတိုက်ခတ် တာ၊ မိုးအနည်းငယ်ရွာသွန်းတာတွေလည်း ဖြစ်လာနိုင်တယ်လို့သိရပါတယ်။

ချင်းတောင်တန်းတွေရဲ့သဘာဝအရ မြေအောက်အလွှာမှာအစိုဓါတ်ကောင်းမွန်ပေမယ့် ဒီတပတ်အတွင်း အပူချိန်ကြောင့် အပေါ်ယံမြေလွှာမှာတော့အစိုဓါတ်တွေ လျော့နည်းလာတာကိုတွေ့ရပြီး အပေါ်ယံမြေဆီလွှာ ဖြစ်တဲ့ ၄ လက်မအနက်မှာ အစိုဓါတ်ဟာ ပြည်နယ်တခုလုံး ပျမ်းမျှ ၁၀ ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်း အထိ ရှိပေပေမယ့် ဒီတပတ်အတွင်းမှာ ၈ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ လျော့ကျသွားဖို့ရှိနေပါတယ်။

Zalen ad

အထူးသဖြင့် ဖလမ်း၊ ပလက်ဝနဲ့ ဆမီးဒေသတွေမှာတော့ ၆ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းအထိကျဆင်းနိုင်သလို ရေငွေ့ပျံနှုန်းကလည်း ၀.၂ လက်မခန့် ရှိနေနိုင်တာကြောင့် အပင်ငယ်လေးတွေအတွက် သတိထားရမယ့် အခြေအနေမှာ ရှိနေပါတယ်။

ဒါ့အပြင် မြေအောက် ၁၅ လက်မအနက်မှာတော့ ချင်းပြည်နယ်တခုလုံးအစိုဓါတ်က ၂၀ ရာခိုင်နှုန်းကနေ ၂၂ ရာခိုင်နှုန်းအထိ ရှိနေတာဖြစ်လို့အခြေအနေကောင်းမွန်နေပေမယ့် ပလက်ဝနဲ့ဆမီးဒေသတွေမှာတော့ ၁၂ ရာခိုင်နှုန်း ကနေ ၁၄ ရာခိုင်နှုန်းဘဲရှိလို့တခြားဒေသတွေထက် အစိုဓါတ်လိုအပ်ချက် ပိုရှိနေပါတယ်။

ချင်းပြည်အတွင်းမြေအောက်မှာ အစိုဓါတ်ရှိတယ်ဆိုပေမယ့် ရေငွေ့ပျံနှုန်းက တနေ့ကို ၀.၂ လက်မနှုန်းရှိနေတာကြောင့် သစ်ရွက်ခြောက်၊ မြက်ခြောက်စတာတွေကို စနစ်တကျဖုံးအုပ်ပေးပြီးမြေဆီလွှာအစိုဓါတ်ကို ထိန်းသိမ်းထားဖို့ လိုပါတယ်။

ဒေသအလိုက်အထူးသတိပြုရမှာတွေကတော့ မင်းတပ်၊ကန်ပက်လက်နဲ့ဖလမ်းမြို့နယ်တွေမှာ မနက်ပိုင်း လေထု အစိုဓါတ်က ၅၀ ရာခိုင်နှုန်းဝန်းကျင်ဘဲရှိလို့ တခြားဒေသတွေထက် ပိုခြောက်သွေ့နေပါတယ်။

မိုးလေဝသခန့်မှန်းခြေတွေဟာ များသောအားဖြင့် ၇၀ ရာခိုင်နှုန်းသာမှန်နိုင်ပြီးအချိန်နဲ့အမျှအပြောင်းအလဲရှိနိုင်ပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေဆဲ

ဇွန်  ၁၂၊ ၂၀၂၆ Zalen စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ အမှတ်(၁) ကုန်သွယ်ရေးလမ်း ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကနေစပြီး တမူးမြို့အခြေစိုက် စစ်ကောင်စီတပ်က ...

ဆက်ဖတ်ရန်