ကံကြီး မှာစစ်ကောင်စီတပ်ဖွဲ့တွေအထိုင်ချ ဂိတ်စခန်းဖွင့်ပြီး နေရာယူဖို့ပြင်ဆင်

ဧပြီ ၂၇၊ ၂၀၂၆
Zalen

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ် ၊ကျောက်ထု အမတ ၃၆၈ တပ်ရင်းရှိ စစ်ကောင်စီတပ်ဖွဲ့ တွေက ကံကြီးကျေးရွာမှာ အထိုင်ဂိတ်စခန်းဖွင့်ပြီးနေရာယူဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။

အမတ ၃၆၈ တပ်ရင်းရှိ စစ်ကောင်စီတပ်ဖွဲ့တွေကို ကနဦး အယောက် ၈၀ ခန့် ကံကြီးရွာလမ်းဆုံ မှာရောင်ရှိခဲ့ပြီး ညပိုင်းမှာ ဖောကား နဲ့ အယောက် ၁၀၀ ကျော် ထပ်မံပို့ဆောင်ခဲ့တာကြောင့် လက်ရှိ အင်အား ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

” အဖမ်းခံရတဲ့သူတွေရှိတယ်တဲ့။ အမျိုးသမီးတစ်ဦးကတော့ ဒီနေ့မနက်ပြန်လွတ်လာတယ်ကြားတယ်။ အမျိုးသားတစ်ဦးတော့ သတင်းမကြားသေးဘူး” လို့ ဒေသခံအမျိုးသားတစ်ဦးက Zalen ကိုပြောပါတယ်။

Zalen ad

လက်ရှိအချိန်မှာလည်း ကံကြီးကျေးရွာလမ်းဆုံ ၊ ကံကြီးရွာထဲ တွေမှာ ၀င်ရောက်နေရာယူထားကြပြီး စစ်ကြောင်းလှုပ်ရှားမှုတွေ စတင်လုပ်ဆောင်နေကြတယ်လို့ သူကရှင်းပြပါတယ်။

“ဂိတ်ဖွင့်ပြီး အထိုင်နေကြမယ့်သဘောလို့ယူဆရတယ်။ ရွာထဲ နဲ့ လမ်းဆုံ တွေမှာ တပ်ဖြန့်ပြီး ကင်းယူနေကြတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ကံကြီးကျေးရွာ စက်ရေမောင်းနှင့် ကံကြီးစာသင်ကျောင်းနားလမ်းဆုံတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ငယ်တွေလည်းပစ်ဖောက်ပြီး နေရာယူထားကြတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး လတ်တစ်လောစစ်ရေးအခြေအနေအရ ကြန်တော – ကံကြီး – ရေရှင် ကတ္တရာ ကားလမ်းတစ်လျှောက် ဖြတ်သန်းသွားလာခြင်းများ လုံး၀ မပြုလုပ်ရန်လည်း တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

သတင်း/ဓာတ်ပုံ – ယောနေ

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေဆဲ

ဇွန်  ၁၂၊ ၂၀၂၆ Zalen စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ အမှတ်(၁) ကုန်သွယ်ရေးလမ်း ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကနေစပြီး တမူးမြို့အခြေစိုက် စစ်ကောင်စီတပ်က ...

ဆက်ဖတ်ရန်