မဏိပူရ်မှာ ကူကီးကျေးရွာ တိုက်ခိုက်ခံရလို့ ရွာသူကြီးအပါအဝင် အရပ်သား ၃ ဦးသေဆုံး

ဇွန် ၅၊ ၂၀၂၆
Zalen

အိန္ဒိယ၊ မဏိပူရ်ပြည်နယ်၊ Kangpokpi ခရိုင်၊ Loibolkullen ကျေးရွာကို NSCN-IMနဲ့ ZUF-Kamson အဖွဲ့လို့ယူဆရတဲ့အဖွဲ့က တိုက်ခိုက်ခဲ့လို့ ရွာသူကြီးအပါအဝင် အရပ်သား ၃ ဦးသေဆုံးသွားတယ်လို့ ဒေသသတင်းများက ဖော်ပြေထားပါတယ်။

ယနေ့ဇွန်လ ၅ရက်နေ့မနက် အစောပိုင်း ဒေသစံတော်ချိန် ၄ နာရီခန့်က Kangpokpi ခရိုင်၊ Loibolkullen ကူကီးကျေးရွာကို အခုလိုဝင်စီး တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

အဲဒီလို ကူကီးကျေးရွား တိုက်ခိုက်ခံရမှုတွင် Letkhongam Haokip(ရွာသူကြီး)၊ ရွာသူကြီးရဲ့ဇနီးဖြစ်သူ Tinmary Haokipနဲ့ Jangminlal Haokip တို့သုံးဦးဟာ ကျည်ဆံထိမှန်သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

Zalen ad

ဒေသသတင်းအရင်းအမြစ်‌ဖော်ပြချက် အရ မနက်အစောပိုင်း ရွားသားများအိမ်ပျော်နေချိန်မှာ ဝင်ရောက်တိုက်ခိုက်ခံရတာဖြစ်ပြီး အဲဒီလို တိုက်ခိုက်မှုကို NSCN-IM အဖွဲ့နဲ့ ZUF-Kamson လက်နက်ကိုင်အဖွဲ့များရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်ဆွဲထားပါတယ်။

အခုလိုတိုက်ခိုက်မှု အပြီးတွင် ရဲတပ်ဖွဲ့များနဲ့ ခရိုင်အုပ်ချူပ်ရေးအဖွဲ့များက အခင်းဖြစ်ပွားခဲ့တဲ့ကျေးရွာကိုရောက်ရှိကာ စုံးစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး အခုလိုတိုက်ခိုက်မှုမျိုးထပ်မံမဖြစ်ပွားစေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချထားတယ်လို့သိရပါတယ်။

အဲဒီဒေသဟာ ယခင်ကလည်း လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ လူမျိုးစုများ အကြား ပဋိပက္ခများဖြစ်ပွားလေ့ရှိတယ်လို့ ဆိုပါတယ်။

ကူကီးကျေးရွာတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ခရိုင်အုပ်ချူပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့များဘက်က တရားဝင်ထုတ်ပြန်ထားတာမရှိသေးဘူးလို့ အဲဒီသတင်းကဖော်ပြထားပါတယ်။

မဏိပူရ်ပြည်နယ်မှာ ကူးကီးလူမျိုးစုနဲ့ တန်ခူလ်း နာဂလူမျိုး စု နှစ်ခုကြား လူမျိုးရေးပဋိပက္ခဟာယခုနှစ် ဖေဖော်ဝါရီလတွင် Ukhrul ခရိုင်မှာ စတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

သတင်း – Yongpithong

ပုံစာ – Loibolkullen ကျေးရွာတိုက်ခိုက်ခံရမှုတွင်သေဆုံးသွားတဲ့ ရွာသူကြီးအမျိုးသမီးအားတွေ့ရစဉ်။
ဓာတ်ပုံ – လူမှုကွန်ယက်


ကိုးကား – ဒေသသတင်း

နောက်ဆုံးရသတင်းများ

မလေးရှားထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသား ၁၁၂ ဦးကို နေရပ်ပြန်ပို့ဖို့ ( C Of I ) ထုတ်ပေးမယ်လို့ မြန်မာသံရုံးပြော

ဇွန် ၅၊၂၀၂၆Zalen မလေးရှားနိုင်ငံ Tanah Merah လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၂၀၅ ဦးအနက် ၁၁၂ ဦးကို နိုင်ငံသားဖြစ်ကြောင်း စိစစ်အတည်ပြုနိုင်ခဲ့ပြီး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity ...

ဆက်ဖတ်ရန်