ဇွန် ၁၇၊ ၂၀၂၆
Zalen
စစ်ကိုင်းတိုင်း၊ တမူးမြို့မြောက်ပိုင်း ထုံကတင်ကျေးရွာအနီးကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်များအရသိရပါတယ်။
ဇွန်လ ၁၅ရက်နေ့က တမူးခရိုင်၊ မြို့သစ်မြို့နယ်(ခွဲ) ထုံကတင်ကျေးရွာအနီးကို တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ ၂ကြိမ်ပေါင် ၂၅၀ ဗုံးသီး(၈) လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိဘူးလို့သိရပါတယ်။
” လေယာဉ်ဗုံးကြဲတာကနေ့လည် ၁၂နာရီမှာတစ်ကြိမ်နဲ ၁၂နာရီ ၁၂မိနစ်ခန့်မှာတစ်ကြိမ်၊ ၂ကြိမ်လာချသွားတာ။ ဗုံးသီးက ၈လုံးချသွားတာ။ ပြီးတော့ မော်တာစက်သေနတ်နဲ့ အတောင့် (၁၀၀) နီးပါးနဲ့ ပစ်ခတ်တယ်။ လူအထိအခိုက်တော့မရှိဘူး မီဖိုချောင် တစ်လုံးတော့ပျက်ဆီးသွားတယ်” လို့ သတင်းအရင်းအမြစ်တစ်ဦးက Zalen ကိုပြောပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုဟာ မိတ္ထီလာ ရှမ်းတဲလေတပ်ကနေတက်လာတဲ့ MIG-29(၁)စီးနဲ့ ဟုမ္မလင်းလေတပ်ကနေတက်လာတဲ့ K-8 ဂျက်ဖိုက်တာ(၁)စီး က ၁၂မိနစ်ခန့်ခြားပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အခုလိုစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွင် မီးဖိုချောင်အဆောက်အအုံတစ်လုံးပျက်ဆီးခဲ့ပြီး တော်လှန်ရေးအင်အားစုများနဲ့ အရပ်သားပြည်သူထိခိုက်မှုမရှိဘူးလို့သိရပါတယ်။
သတင်း – S-L








