တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ ကလေး-တမူးလမ်းမပေါ်က တံတား (၃)စင်းအနက် ၅၅ မိုင်တံတားကို သက်ဆိုင်ရာတာဝန်ရှိသူများပြန်လည်ပြုပြင်

ဇွန် ၂၂၊ ၂၀၂၆
Zalen

စစ်ကိုင်းတိုင်း၊ ကလေး-တမူးလမ်းမပေါ်မှာ တိုက်ပွဲအတွင်းပျက်စီးသွားတဲ့ တံတာ(၃) စင်းအနက် ၅၅မိုင်တံတားကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံများ က ယာယီသွားလို့ရအောင် ပြုပြင်မွန်းမံထားတယ်လို့ ဒေသသတင်းအရင်းအမြစ်များထံကသိရပါတယ်။

အဆိုပါ တံတားများအနက် ၅၅ မိုင်တံတားကို လမ်းပန်းဆက်သွယ်ရေး ပြန်လည်အဆင်ပြေစေရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံများ ပူးပေါင်းကာ လက်ရှိတွင် ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်ထားရှိပါတယ်။

Zalen ad

အဲဒီတံတား (၃)စင်းဟာ ဇွန်လ ၇ရက်နေ့ကစလို့ စစ်ကောင်စီတပ်များ ကလေး-တမူးလမ်းပိုင်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက်ပျက်စီးသွားတာဖြစ်တယ်လို့သိရပါတယ်။

အဲဒီလို ပျက်စီးသွားတဲ့တံတားများဟာ ဇွန်လ (၇) ရက်နေ့က နန်းမွန်းတား တံတား၊ ဇွန်လ(၁၃)ရက်နေ့မှာ ၅၅ မိုင်တံတား၊ ဇွန်လ (၁၈) ရက်နေ့မှာ ခမ်းပတ်တံတား ပျက်စီးသွားတာဖြစ်ပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါတဲ့ ကလေး-တမူးလမ်းမပေါ်မှာတည်ရှိတဲ့ တံတားများဖြစ်ကြပါတယ်။

စစ်ကောင်စီတပ်က ကလေး-တမူးလမ်းပိုင်းကို ပြန်လည်ထိန်းချူပ်နိုင်ဖို့ ဇွန်လ ၇ရက်နေ့ကစပြီး အသည်အသန်ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ ကျေးရွာအချို့ကို ထိန်းချူပ်ထားပြီလို့ ၎င်းတို့ရဲ့ ဝါဒဖြန့်မီဒီယာများတွင်ဖော်ပြထားပြီး အခုအခါမှာလည်း ခမ်းပတ်မြို့ကိုအလုံးစုံထိန်းချုပ်နိုင်ဖို့ အပြင်းအထန်တိုက်ခိုက်နေလို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲအနေအထားဖြစ်ပါတယ်။

သတင်း – S-L

ပုံအညွှန်း-စစ်ကောင်စီတပ်များပြန်လည်ပြုပြင်ထားတဲ့ ၅၅မိုင်တံတားမြင်ကွင်း။

ဓာတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

ထိုင်းရောက် မြန်မာဒုက္ခသည် ၈၀,၀၀၀ ခန့်ကို ဇီဝအချက်အလက်ပါ ID ကတ်များ စတင်ထုတ်ပေး

ပြည်နယ်အုပ်ချုပ်ရေးဌာန (Department of Provincial Administration - DoPA) ၏ ညွှန်ကြားရေးမှူးချုပ် Narucha Kosacivilize က မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ဒုက္ခသည်တစ်ဦးအား အထောက်အထားကတ် (Identity Card) ပေးအပ်နေစဉ်။

ဆက်ဖတ်ရန်