ချင်းပြည်နယ်မှာ (၁၀)တန်းစာမေးပွဲပထမနေ့တွင် ပျက်ကွက် တစ်ထောင်ကျော်ရှိပြီး ပလက်ဝမြို့နယ်တွင်အများဆုံးဖြစ်

ဒီနေ့ကျင်းပတဲ့ တက္ကသိုလ်ဝင် စာမေးပွဲတွင် ချင်းပြည်နယ်မှာ ပျက်ကွက်သူ(၁၃၄၃)ဦးရှိပြီး ပလက်ဝမြို့နယ်မှာ ပျက်ကွက်သူအများဆုံး(၂၄၃)ဦးဖြစ်ပါတယ်။

မြန်မာစာဖြေဆိုတဲ့ နေ့မှာ ဖြေဆိုသူ စုစုပေါင်း (၁၀၇၇၁)ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် (၈၈ ဒသမ ၉၁)ကလာရောက်ဖြေဆိုကြပါတယ်။

ဒီနှစ်ချင်းပြည်နယ်မှာ တက္ကသိုလ်ဝင် စာမေးပွဲစာစစ်ဌာန (၃၀)ရှိပါတယ်။ မြို့နယ်အလိုက် ဖြေဆိုသူနဲ့ ပျက်ကွက်စာရင်းတွေကတော့ ပလက်ဝ ဖြေဆို-၁၇၇၀ (ပျက်ကွက်-၂၄၃)၊ ကန်ပက်လက် ဖြေဆို-၆၀၈ (ပျက်ကွက်-၇၈)၊ မတူပီ ဖြေဆို-၁၂၇၃ (ပျက်ကွက်-၂၁၂)၊ မင်းတပ် ဖြေဆို-၁၃၅၇ (ပျက်ကွက်-၁၁၈)၊ တွန်းဇန် ဖြေဆို-၃၃၇ (ပျက်ကွက်-၆၀)၊ တီးတိန် ဖြေဆို-၂၀၆၂  (ပျက်ကွက်-၂၂၇)၊ ဖလမ်း ဖြေဆို-၁၁၂၈ (ပျက်ကွက်-၁၄၆)၊ ထန်တလန် ဖြေဆို -၄၅၀ (ပျက်ကွက်-၇၆)၊ ဟားခါး ဖြေဆို -၁၀၃၁ (ပျက်ကွက်-၁၈၃)ဦးတို့ဖြစ်ပါတယ်။

တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ (၆)ရက်နေ့ကနေ (၁၅)ရက်နေ့ထိ ဖြေဆိုသွားမှာဖြစ်တယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ပေါ်တာကြောင့် လူငယ်မဲ့သွားသော ပလက်ဝမြို့နယ်က ‌ကျေးရွာများ

အယိုက်လင်း ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ခန့်မှစတင်ပြီး အာရက္ခတပ်တော် (ULA/AA) က ၎င်းတို့ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် အမျိုးသမီး၊ အမျိုးသား လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်မှုတွေကို ...

ဆက်ဖတ်ရန်