ညမှာ စက်ကြီးမောင်းသင်နေစဉ်ချောက်ထဲထိုးကျလို့ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

 


သေဆုံးသူ ဆလိုင်းအင်ဒရူထာဇာမော

 

ညမှာ စက်ကြီးမောင်းသင်နေစဉ်ချောက်ထဲထိုးကျလို့ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ဖလမ်းမြို့နယ် ဝေဘူလမြို့အနီး လမ်းတာချဲ့ကုမ္မဏီမှာလုပ်ကိုင်နေတဲ့ ဆလိုင်းအင်ဒရူထာဇာမော( ၁၇ နှစ်)ဟာ ညမအိပ်နိုင်လို့ ဇူလိုင် ၆ ရက်ည ၁၁ နာရီမှာ စက်ကြီးမောင်းသင်နေစဉ် ချောက်ထဲထိုးချလို့ အခင်းဖြစ်ပွားတဲ့နေရာမှာ သေဆုံးသွားပါတယ်။

Zalen ad

ဖြစ်စဉ်မှာ ဖလမ်းမြို့နယ် ဆိမ့်ကျိန်ရွာ (Simcing) သား ဆလိုင်းအင်ဒရူထာဇာမော ဟာ ညမအိပ်နိုင်လို့သူငယ်ချင်းကို ဘွဲ့သဲကိုနိုးပြီး မြေထိုးစက်ကြီးမောင်းသင်နေစဉ် လမ်းဘေး ပေ ၄၀၀ အနက်မှာထိုးကျလို့ အခင်းဖြစ်ပွားတဲ့နေရာမှာ ယာဉ်မောင်းသေဆုံးပြီး ၎င်းသူငယ်ချင်းဘွဲ့သဲဟာ အခုကလေးပြည်သူ့ဆေးရုံမှာ ကုသနေပါတယ်။ ၎င်းတို့နှစ်ဦးဟာ လမ်းကုမ္မဏီရဲ့ အလုပ်သမားတွေဖြစ်ပြီး စက်ကြီးမောင်းသမားတွေတော့မဟုတ်ပါ။

လူနာစောင့်တစ်ဦးက “လူနာက အခုထိသတိမရသေးဘူး။ အောက်စီဂျင်သွင်းနေတယ်။ ဦးခေါင်းထိတယ်ဆိုပေမယ့် ပေါက်ပြဲဒဏ်ရာတော့မရှိဘူး။ သူ့ကိုဒဏ်မှန်ရိုက်ထားပေမယ့် ရုံးပိတ်ရက်ဖြစ်လို့ အမှန်မပေါ်သေးဘူး” လို့ပြောပါတယ်။

ဒဏ်ရာရရှိတဲ့ ဆလိုင်းဘွဲ့သဲလည်း ဖလမ်းမြို့နယ် Meihol ရွာသားဖြစ်ပါတယ်။ ဆလိုင်းအင်ဒရူထာဇာမောရဲ့အလောင်းကို ယနေ့ ညနေ ၄း၃၀ အချိန်တွင် ကလေးမြို့ ဒိုးဝိုင်းချောင်းသချိုင်းတွင်သဂြိုလ်ကြပါတယ်။

နောက်ဆုံးရသတင်းများ

ထိုင်းရောက် မြန်မာဒုက္ခသည် ၈၀,၀၀၀ ခန့်ကို ဇီဝအချက်အလက်ပါ ID ကတ်များ စတင်ထုတ်ပေး

ပြည်နယ်အုပ်ချုပ်ရေးဌာန (Department of Provincial Administration - DoPA) ၏ ညွှန်ကြားရေးမှူးချုပ် Narucha Kosacivilize က မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ဒုက္ခသည်တစ်ဦးအား အထောက်အထားကတ် (Identity Card) ပေးအပ်နေစဉ်။

ဆက်ဖတ်ရန်