ကလေးမြို့တွင် (၆)နှစ်အရွယ်ကလေး ဓမ္မတာနဲ့ဆန့်ကျင်ကာ အဓမ္မပြုကျင့်ခံရ

ကလေးမြို့ စမ်းမြို့ရပ်ကွက်တွင်နေထိုင်ပြီး KG တန်းတက်နေတဲ့ (၆)နှစ်အရွယ် မိန်းကလေးတစ်ဦးကို အမည်မသိသူတစ်ဦးက ဓမ္မတာနဲ့ဆန့်ကျင်ကာ အောက်တိုဘာ (၁)ရက်နေ့က အဓမ္မပြုကျင့်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ညနေကျောင်းဆင်းပြီး အိမ်သို့ပြန်လာစဉ် အမည်မသိသူ အမျိုးသားတစ်ဦးက မိုင်…. ကို မုန့်ဝယ်ကျွေးမယ်လို့ဆိုကာ ဆိုင်ကယ်ဖြင့် ဒိုးဝိုင်းချောင်းသုသာန်သို့ခေါ်ဆောင်ပြီး ဓမ္မတာနဲ့ဆန့်ကျင်ကာ အဓမ္မပြုကျင့်ပြီး တာဟန်းရပ်ကွက်အနီး အီစွတ်ရွာအနီးတွင်ပစ်ထားခဲ့ကြောင်းသိရပါတယ်။

ယင်းအမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ ဘိန်းဘီအမျိုးသမီးရေးရာအဖွဲ့ အကြံပေး ဦးမောယာက “သမီးငယ်လေးက မနေ့က အောက်ပိုင်းကနေသွေးထွက်အရမ်းများတယ်။ ဒါကြောင့် ဒီနေ့ ခွဲစိတ်ထားတယ်။ မျက်နှာနဲ့ ခြေထောက်တွေမှာ မြက်ပင်၊ ဆူးပင်တွေ ရှတဲ့ဒဏ်ရာတွေလည်းတွေ့ရတယ်။ သူ့ကို ပြုကျင့်သူက ဗမာစကားနဲ့ပြောပြီး မျက်နှာမှာ အမာရွတ်ရှိတယ်လို့ သမီးလေးကပြောတယ်။ စော်ကားတဲ့သူကတော့ ခုထိ ဘယ်သူဘယ်ဝါမသိရသေးဘူး။ ဒီသမီးလေးက သူ့မိဘတွေရဲ့ တစ်ဦးတည်းသော သမီးလေးပါ” လို့ပြောပါတယ်။

လက်ရှိအချိန်ထိ တရားခံကို မဖမ်းမိသေးပဲ စုံစမ်းဆဲဖြစ်နေတယ်လို့ ကလေးမြို့နယ် ရဲစခန်းမှသိရပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်