ချင်းပြည်နယ်ရှိ နေရာ (၆)ခုကို အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်ပြီ

ချင်းပြည်နယ်ရှိ နေရာ (၆)ခုကို သဘာဝထိန်းသိမ်းရေးနယ်မြေသစ် အဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီးဌာနမှ ၂၀၁၈-၂၀၁၉ ခုနှစ်တွင်သတ်မှတ်ကြောင်းကြေညာထားပါတယ်။

အမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ထားတဲ့နေရာတွေကတော့ ထန်တလန်မြို့နယ်က ကျီးရီးယန်း(Ciriang tlang)တောင် အမျိုးသားဥယျာဉ် (၈၃၈၇)ဧက၊ တီးတိန်မြို့နယ် ကနေဒီ တောင်အမျိုးသားဥယျာဉ် (၂၃၄၆၃)ဧက၊ ထန်တလန်မြို့နယ် မီအေပီ(Miepi tlang)တောင်အမျိုးသားဥယျာဉ် (၁၂၃၅၅)ဧက၊ ဖလမ်း၊ဟားခါး၊ ထန်တလန်မြို့နယ်က ဇိန်မှု(Zinghmuh tlang)တောင်အမျိုးသားဥယျာဉ် (၁၉၉၃၇)ဧက၊ ထန်တလန်မြို့နယ် စာမွှန်း(Sahmun tlang)တောင်အမျိုးသားဥယျာဉ် (၂၈၃၅)ဧက၊ နဲ့ ဟားခါးမြို့နယ် မှုန်(Hmuh Tlang)တောင်ဒေသခံအစုအဖွဲ့သဘာဝထိန်းသိမ်းရေးနယ်မြေ (၁၄၀၆)ဧက စသည်တို့ဖြစ်ပါတယ်။

ဖလမ်း၊ဟားခါး၊ ထန်တလန်မြို့နယ်က ဇိန်မှု(Zinghmuh tlang)တောင်

ချင်းပြည်နယ်အစိုးရက ၂၀၁၈ ခုနှစ်တွင် ယင်း နေရာ (၆)ခုအပါအဝင် ဘွဲ့ပါးတောင်တို့ကို ပြည်ထောင်စုအစိုးရထံ အမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ဖို့ တင်ပြထားပါတယ်။

ထန်တလန်မြို့နယ်က ကျီးရီးယန်း(Ciriang tlang)တောင်

ချင်းပြည်နယ်တွင် ခေါ်နူးစုမ်တောင်ကို ပထမဆုံး အမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ပြီး ၂၀၁၆ခုနှစ်တွင် ပလက်ဝမြို့နယ်၊ ဆမီးမြို့အနီးရှိ ကီမိုတောင်ကိုလည်း အမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ကာ လက်ရှိဆမီးမြို့တွင် ရုံးတည်ဆောက်နေပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

“Made In India” ထုတ်ကုန်များအပေါ် အမေရိကန်က အခွန် ၁၈ ရာခိုင်နှုန်း လျှော့ချကောက်ခံမည်

အမေရိကန်နဲ့ အိန္ဒိယတို့သည် ကုန်သွယ်ရေးသဘောတူညီချက်တရပ်အား ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ရက် တနင်္လာနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တယ်လီဖုန်းဖြင့် ဆွေးနွေးပြီးနောက် အချိန်အတော်ကြာ ပြဿနာအမျိုးမျိုးကြောင့် တင်းမာနေခဲ့သည့် အိန္ဒိယ–အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွင်း အပြုသဘော ဆောင်သော အလှည့်အပြောင်းတရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ ...

ဆက်ဖတ်ရန်