မြန်မာနယ်စပ်တွင် အိန္ဒိယက သစ်မှောင်ခို ကား ၇ စီး ဖမ်းမိ

အိန္ဒိယ- မြန်မာနယ်စပ် မဏီပူရ်ပြည်နယ် ကမ်ဂျိခရိုင်၊ ကိုရှုကျေးရွာတွင် ကျွန်းသစ်မှောင်ခိုတင်ဆောင်လာတဲ့ ကား (၇)စီးကို အာသံတပ်ရင်းတွေက ဧပြီ (၂၈)ရက် မနက် ၁ နာရီကျော်က ဖမ်းဆီးတယ်လို့ သတင်းရရှိပါတယ်။

ယင်းသတင်းကို Imphal Free Press က ဧပြီ (၂၉)ရက်က ဖာ်ပြထားပါတယ်။

ကျွန်းသစ်မှောင်ခိုဖမ်းဆီးခံရတဲ့ ကမ်ဂျခရိုင်ဟာ တမူးခရိုင် မြို့သစ်မြို့တို့နဲ့ နီးစပ်တဲ့နေရာဖြစ်ပါတယ်။

Zalen ad

ဖမ်းဆီးထားတဲ့ ကျွန်းသစ်ရဲ့တန်ဖိုးဟာ အိန္ဒိယ ရူပီးငွေ ၆ ဒသမ ၇၂ ကုဋေ (မြန်မာကျပ် ၁ ဒသမ ၃၄၄ ဘီလီယံ) ဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့ ယာဉ်မောင်း ၇ ဦးကိုလည်း တာဝန်ရှိသူတွေထံ လွှဲပြောင်းထားပါပြီ။

ပြီးတော့ မှောင်ခိုနဲ့တင်သွင်းလာတဲ့ ကွမ်းသီး အလေးချိန် ကေဂျီ ၅၂၃၀ ရှိတဲ့ တန်ဖိုးအားဖြစ် ရူပီး ၃၁ ဒသမ ၃၈ သိန်းကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

 

နောက်ဆုံးရသတင်းများ

အစိုးရဝန်ထမ်းတဦးမှသည် စီဒီအမ်ဈေးသည်မ ဘဝခရီးသို့

နွေဦးဈေးသည်(စီဒီအမ်ဝန်ထမ်းတဦး) ဈေးသည်ဘဝကို အစပြုလာခဲ့တာတော့ ဒီ၂၀၂၁ခုနှစ် ‌ဖေဖော်ဝါရီ ၁ရက်နေ့ ကျမတို့အမိမြန်မာနိုင်ငံတော်ကြီး မတရားအာဏာသိမ်းရာကနေ အစပြုလာခဲ့တာပေါ့လေ။ ဈေးသည်ဖြစ်ရလို့ ဝမ်းနည်းနေတာမဟုတ်ဘူးဟေ့။ ကျမတို့အမေက ဟိုးအရင်ကထဲက ဈေးရောင်းလာတာ ကျမတို့ဘွဲ့ရပညာတတ်လာတာ ဒီဈေးရောင်းရင်းကနေပဲ ရယူလာခဲ့တာပါ။ အမေ့ကိုအားနာတာပါ။ အသက်၄၀ကျော်လေးမှာ မုဆိုးမဖြစ်လာပြီး ...

ဆက်ဖတ်ရန်