လွိုင်ကော်မြို့ စစ်ကောင်စီရဲ့ သင်္ကြန်မဏ္ဍပ် ၆၀ မမ ဗုံးနဲ့တိုက်ခိုက်ရာ ထိပ်ပိုင်းရာထူးကြီးတွေ အပါအဝင် ၂၀ ကျော် ဒဏ်ရာရ

စစ်ကောင်စီကျင်းပပြုလုပ်တဲ့ လွိုင်ကော်မြို့ သင်္ကြန်ရေကစားမဏ္ဍပ်ကို ပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ ထိပ်ပိုင်းရာထူးကြီးတွေအပါအဝင် ၂၄ ယောက် ထိခိုက်သွားရတယ်လို့ သိရပါတယ်။

ကရင်နီ(ကယား)ပြည်နယ်မြို့တော် လွိုင်ကော်မြို့ရှိ စစ်ကောင်စီပြုလုပ်တဲ့ ကယားပြည်နယ်အစိုးရရုံး သင်္ကြန်မဏ္ဍပ်ကို ဧပြီ ၁၅ ရက်၊ သင်္ကြန်အကြတ်နေ့မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ကနေ ဒရုန်းနည်းပညာနဲ့ ၆၀ မမ ဗုံးသီးတစ်လုံး ပစ်ချခဲ့တာလို့ ဆိုပါတယ်။

သင်္ကြန်မဏ္ဍပ်တည့်တည့်ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကယားပြည်နယ် အစိုးရအဖွဲ့ ညွှန်မှူး ဦးကျော်ကျော်အုန်း၊ ကျေးလက်ပြည်နယ်မှူး ဦးစောဒီဒီး၊ စက်မှုလယ်ယာပြည်နယ်မှူး ဦးခင်မောင်ဝင်း လွိုင်ကော်တက္ကသိုလ်ပါချုပ်တို့အပါအဝင် စုစုပေါင်း ၂၄ ယောက် စိုးရိမ်ဖွယ်ဒဏ်ရာရရှိသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

နောက်ဆုံးရသတင်းများ

အစိုးရဝန်ထမ်းတဦးမှသည် စီဒီအမ်ဈေးသည်မ ဘဝခရီးသို့

နွေဦးဈေးသည်(စီဒီအမ်ဝန်ထမ်းတဦး) ဈေးသည်ဘဝကို အစပြုလာခဲ့တာတော့ ဒီ၂၀၂၁ခုနှစ် ‌ဖေဖော်ဝါရီ ၁ရက်နေ့ ကျမတို့အမိမြန်မာနိုင်ငံတော်ကြီး မတရားအာဏာသိမ်းရာကနေ အစပြုလာခဲ့တာပေါ့လေ။ ဈေးသည်ဖြစ်ရလို့ ဝမ်းနည်းနေတာမဟုတ်ဘူးဟေ့။ ကျမတို့အမေက ဟိုးအရင်ကထဲက ဈေးရောင်းလာတာ ကျမတို့ဘွဲ့ရပညာတတ်လာတာ ဒီဈေးရောင်းရင်းကနေပဲ ရယူလာခဲ့တာပါ။ အမေ့ကိုအားနာတာပါ။ အသက်၄၀ကျော်လေးမှာ မုဆိုးမဖြစ်လာပြီး ...

ဆက်ဖတ်ရန်