Mizzima ဝန်ထမ်းဟောင်း ချင်းတိုင်းရင်းသားတစ်ဦး ဖမ်းဆီးခံရပြီး ခုထိအဆက်အသွယ်မရသေး

Mizzima သတင်းမီဒီယာဝန်ထမ်းဟောင်း ပလက်ဝမြို့နယ် ဆမီးမြို့သား ကိုဂျိမ်းပုထုံဟာ ဧပြီ ၈ ရက်ညက အကြမ်းဖက်စစ်တပ်က သန်လျင်မြို့နေအိမ်တွင် ဖမ်းဆီးခံရတယ်လို့သတင်းရရှိပါတယ်။

ပလက်ဝမြု့သားတစ်ဦးက “သူက အိန္ဒိယမှာကျမ်းစာကျောင်းပြီးတော့ ရန်ကုန်ဆင်းလာပြီး Mizzima မီဒီယာမှာ Admin ပိုင်ဝင်လုပ်တယ်။ သူ့မိဘတွေက ဆမီးမြို့မှာနေတာ။ သူတစ်ယောက်ထဲပဲ ရန်ကုန်မှာနေတယ်။ အဲ့မှာလုပ်လာတာ ၄ နှစ်လောက်ကြာမယ်။ ဘာကြောင့်ဖမ်းတာလဲ၊ ဘယ်မှာထိန်းသိမ်းတာလဲဆိုတာ ခုထိမသိရသေးဘူး” လို့ပြောပါတယ်။

ကိုဂျိမ်းပုထုံဟာ အသက် (၂၇)နှစ်ခန့်ရှိပြီး ၎င်းနဲ့အတူ Mizzima မီဒီယာကို ပူးတွဲတည်ထောင်သူ ဒေါ်သင်းသင်းအောင်လည်းဖမ်းဆီးခြင်းခံရပါတယ်။

Zalen ad

Mizzima မီဒီယာကလည်း ၎င်းတို့ နှစ်ဦးဟာ စစ်အာဏာသိမ်းပြီးနောက် အလုပ်မှ တရားဝင်နှုတ်ထွက်ကြပြီလို့ ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းများ

ပေါ်တာကြောင့် လူငယ်မဲ့သွားသော ပလက်ဝမြို့နယ်က ‌ကျေးရွာများ

အယိုက်လင်း ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ခန့်မှစတင်ပြီး အာရက္ခတပ်တော် (ULA/AA) က ၎င်းတို့ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် အမျိုးသမီး၊ အမျိုးသား လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်မှုတွေကို ...

ဆက်ဖတ်ရန်