NLD ပါတီဝင် ၁၃၀၀ နီးပါး ဖမ်းဆီးခံထားရပြီ ပါတီဝင် တစ်ရာနီးပါးသေဆုံး

၈၊ နိုဝင်ဘာ၊ ၂၀၂၃

Zalen

စစ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော် ကာလအတွင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ရဲ့ လွှတ်တော်ကိုယ်စားလှယ် ၇၁ ဦးအပါအဝင် ပါတီဝင် ၁၂၉၀ ဦး ဖမ်းဆီးခံထားရပြီး အဲဒီအထဲက  ပါဝင်တီ ၁၀၁ ဦး ဟာ စစ်ကောင်စီတပ်ကြောင့် သေဆုံးခဲ့ရ တယ်လို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီက နိုဝင်ဘာလ ၈ ရက်ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲ သုံးနှစ်ပြည့် ကြေညာချက်မှာ ဒီအချက်အလက်တွေ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

Zalen ad

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ် ၁၈၂ ဦးရဲ့ ပိုင်ဆိုင်မှုတွေအပါအဝင် NLD ပါတီဝင် ၄၀၇ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်းဆည်းခံထားရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက မဲစာရင်း မသမာမှုကို အကြောင်းပြပြီး အာဏာသိမ်းခဲ့တာကြောင့် တိုင်းပြည် တည်ငြိမ်ရေးကို ပျက်ပြားစေခဲ့တာဖြစ်ပြီး NLD အနေနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ပြည်သူတွေ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တိုင်းရင်းသား အင်အားစုတွေ၊ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ လက်တွဲ ဆောင်ရွက်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချစ်ခြင်းနွေ

နောက်ဆုံးရသတင်းများ

မီဇိုရမ်၊ Lamsial Puk ဂူမှ လူအရိုးများဟာ အေဒီ ၁၇၂၉ မှ ၁၇၈၉ ကြားကဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ

ဇူလိုင် ၈၊ ၂၀၂၆Zalen မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင် ဖရ်းကောန် (Farkawn) ကျေးရွာအနီးရှိ Lamsial Puk ဂူအတွင်း တွေ့ရှိထားတဲ့ လူအရိုးနမူနာတခုကို သိပ္ပံနည်းကျ စစ်ဆေးခဲ့ရာ အေဒီ ၁၇၂၉ ခုနှစ်မှ ၁၇၈၉ ခုနှစ်အတွင်း ...

ဆက်ဖတ်ရန်