UNHCR ကိုယ်တိုင် ချင်းဒုက္ခသည်အခွင့်အရေးကိုချိုးဖောက်နေဟုဆို

မလေးရှားနဲ့အိန္ဒိယနိုင်ငံရှိ ချင်းဒုက္ခသည်တွေအပေါ် UNHCR ကဇွန်လတွင်ထုတ်ပြန်ချက်ဟာ ဒုက္ခသည်အခွင့်အရေးချိုးဖောက်နေခြင်းဖြစ်တယ်လို့ သြဂုတ်(၂၈)ရက်ကထုတ်ပြန်တဲ့ မြန်မာနိုင်ငံချင်းတက္ကသိုလ်ကျောင်းသားထုရဲ့ ပူးတွဲသဘောထားထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

၎င်းကြေညာချက်ဟာ အချက်(၄)ချက်ပါဝင်ပြီး မြန်မာတနိုင်ငံလုံးရှိ ချင်းကျောင်းသားအဖွဲ့အစည်း(၁၆)ဖွဲ့သဘောတူညီမှုနဲ့ထုတ်ပြန်ထားတယ်။

“ပထမအချက်ကတော့ အရင်တုန်းက ချင်းပါတီတွေထုတ်ပြန်တဲ့ကြေညာချက်တွေနဲ့ အိန္ဒိယချင်းဒုက္ခသည်တွေထုတ်ပြန်ချက်ပေါ်သဘောထားကြောင်း၊ ဒုတိယအချက်က UNHCR က ချင်းပြည်နယ်ဟာ တည်ငြိမ်အေးချက်တယ်လို့ရေးထားတာတွေ့ရတယ်။ အဲ့ပေါ်မှာ မေးခွန်းထုတ်စရာဖြစ်တယ်။ ကယာကံရှင်တွေကိုတွေ့ဆုံမှုမရှိဘဲ ဒီလိုဆုံးဖြတ်ချက်ချတာာ UNHCR ကိုယ်တိုင်က ချင်းဒုက္ခသည်တွေရဲ့အခွင့်အရေးကိုချိုးဖောက်နေတာဖြစ်တယ်။ ပြန်လာဖို့ဆိုရင် ဂုဏ်သိက္ခာရှိရှိပြန်လာနိုင်အောင် UNHCR နဲ့မြန်မာနိုင်ငံအစိုးရကိုယ်တိုင်ညှိုနှိုင်းပြီးလုပ်ဆောင်သင့်တယ်”လို့ ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ(တက္ကသိုလ်များ-ရန်ကုန်)ဥက္ကဌ ဆလိုင်းအုပ်နွန်ဘွေကပြောပါတယ်။

Zalen ad

ဒီကြေညာချက်ကို သူတို့ UNHCR ရုံး၊ တာဝန်ရှိတဲ့ အစိုးရရုံးတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ တင်သွားတယ်။

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂတို့ တောင်းဆို

မေ ၂၊ ၂၀၂၆Zalen နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နဲ့ ကုလသမဂ္ဂ တို့က တောင်းဆိုလိုက်ပါတယ်။ အဲဒီတောင်းဆိုမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ထွက်ပေါ်လာတာပါ။ ...

ဆက်ဖတ်ရန်