ကလေးမြို့ Quarantine စင်တာတွင် စည်ကမ်းဖောက်ဖျက်သူ (၅)ဦးကို အမှုဖွင့်

ကလေးတက္ကသိုလ်တွင် Quarantine အဖြစ်နေထိုင်စဉ် စည်ကမ်းဖောက်ဖျက်ပြီး ဆူပူသောင်းကျန်းတဲ့ လူငယ် (၅)ဦးကို ကူးစက်ရောဂါကာကွယ်ရေးဥပဒေ ပုဒ်မ (၁၈) နဲ့ ကလေးမြို့ပြည်သူ့ကျန်းမာရေးဌာနက ဇူလိုင် (၂၁)ရက်အမှုဖွင့်ထားတယ်လို့သတင်းရရှိပါတယ်။

၎င်းတို့ဟာ Quarantine နေထိုင်တဲ့ ကလေးတက္ကသိုလ်ကျောင်းက မှန်တံခါးများ၊ ထိုင်ခုံ၊ တင်းနစ်စားပွဲများကိုဖျက်ဆီးကြတယ်လို့သိရပါတယ်။

ကလေးမြို့ ပြည်သူ့ကျန်းမာရေးဌာနက တာဝန်ရှိသူ ဒေါက်တာစန်းမောင် က “ကလေးတက္ကသိုလ်ကျောင်းဘက်ကလည်း အစတုန်းကတော့ဆွဲမလို့ပဲ ဒါပေမယ့် အဲ့ဒီအမှုကကြီးလွန်းတယ်ဆိုပြီးနောက်တော့မဆွဲဖြစ်တော့ဘူး။ ခုံတွေလည်းလွင့်ပစ်တယ်။ ပါတင်းပေါက်မှန်တွေလည်းခွဲပစ်တယ်လေ။ နောက်ပြီးတော့ စင်တာမှာအရက်သေစာမသောက်ရဘူး။ သူတို့ကညမှာ အရက်မူးတယ်၊ ဆူတယ်။ တခြားခန်းတွေကလည်း ပြောတော့တာလေ။ ပြောတဲ့သူတွေကိုလည်း သူတို့က ပြန်ပြီးအော်ဟစ်တော့တာ” လို့ပြောပါတယ်။

ကလေးတက္ကသိုလ် Quarantine တွင်နေထိုင်သူ (၇၄)ဦးရှိပြီး ၎င်းတို့ဟာ အိန္ဒိယ၊ တရုတ် နိုင်ငံကပြန်လာတဲ့သူတွေဖြစ်ပါတယ်။

Zalen ad

ကူးစက်ရောဂါကာကွယ်ရေးဥပဒေ ပုဒ်မ (၁၈) (တားမြစ်ပိတ်ပင်သည့် (သို့) ကန့်သတ်သည့်အမိန့် ဖောက်ဖျက်ကျူးလွန်မှု) ဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၆ လဖြစ်စေ၊ ကျပ် ၅ သောင်းထိမပိုတဲ့ဒဏ်ငွေဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

ဟားခါးမြို့ လမ်းဆုံနားမှာ အရပ်သားတွေကို စစ်ကောင်စီက စစ်ဆေးပြီး ဖမ်းဆီးတာတွေလုပ်နေ

￸ မေ ၃၀၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ဟားခါးမြို့က လမ်းဆုံနားမှာ မေလ ၂၉ ရက် မနက် ၁၀ နာရီလောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာ ပြည်သူတွေကို တင်းတင်းကျပ်ကျပ် တားဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ...

ဆက်ဖတ်ရန်