ဖလမ်းမြို့တွင် လျှပ်စစ်မီးမရရှိသေးတာကြောင့် အင်တာနက်အသုံးပြုရန် အခက်အခဲရှိနေဆဲ

ဇူလိုင် ၈၊ ၂၀၂၆

Zalen

Zalen ad

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ လျှပ်စစ်မီးမရရှိသေးတာကြောင့် အင်တာနက်လိုင်းအသုံးပြုဖို့ အခက်အခဲတွေ ရှိနေပြီး WiFi တပ်ဆင်အသုံးပြုနိုင်တဲ့ နေရာဟာလည်း နည်းပါးနေတယ်လို့ ဒေသခံတွေဆီကသိရှိရပါတယ်။

လက်ရှိအချိန်မှာ နေအိမ်တွေမှာ WiFi တပ်ဆင်အသုံးပြုရန် အခက်အခဲရှိတာကြောင့် အင်တာနက်အသုံးပြု လိုသူတွေဟာ အစိုးရရုံးတွေ ဒါမှမဟုတ် WiFi ရတဲ့ နေရာအချို့ကို သွားရောက်အသုံးပြုနေရတယ်လို့ ဆိုပါတယ်။

ဖလမ်းမြို့ဒေသခံတဦးက “ဖလမ်းမြို့မှာ WiFi သုံးချင်ရင် ထွေအုပ်ရုံးလို အစိုးရရုံးတခုခုကို သွားသုံးရတယ်။ တချို့ကလည်း လိုင်းရတဲ့ Gnet WiFi ဝန်ဆောင်မှုရုံးမှာ သွားအသုံးပြုကြရတယ်” လို့ Zalen ကို ပြောပါတယ်။

ဖလမ်းမြို့တွက် Gnet WiFi ဝန်ဆောင်မှုကို ပြင်ဆင်တပ်ဆင်နေဆဲဖြစ်ပြီး လက်ရှိမှာ အသုံးပြုသူအားလုံးထံ ဝန်ဆောင်မှု မပေးနိုင်သေးတာကြောင့် ၎င်းတို့ရဲ့ နေအိမ်ရုံးမှာသာ အသုံးပြုခွင့်ပေးထားတယ်လို့ သိရပါ တယ်။ တပ်ဆင်မှုများအလုံးစုံ အဆင်ပြေပြီးနောက်မှာတော့ လစဉ်ကြေး သတ်မှတ်ကာ နေအိမ်တွေကို WiFi တပ်ဆင်ဝန်ဆောင်မှု ပေးသွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ဒေသခံတွေအနေနဲ့ အင်တာနက်လိုင်း အဆင်မပြေမှုကြောင့် ဆက်သွယ်ရေး၊ အလုပ်ကိစ္စနဲ့ အွန်လိုင်းဝန်ဆောင်မှုတွေ အသုံးပြုရာမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖလမ်းမြို့မှာ ယနေ့အချိန်ထိ လျှပ်စစ်မီးမရရှိသေးတာကြောင့် အင်တာနက်ဝန်ဆောင်မှုတွေနဲ့ နေအိမ်တွေမှာ WiFi တပ်ဆင်အသုံးပြုနိုင်ရေးတွေဟာ ခက်ခဲရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Vessy

ဓာတ်ပုံ-ပုံဟောင်း

#ဖလမ်းမြို့ #GnetWiFi  #တပ်ဆင်အသုံးပြုရန် #အခက်အခဲရှိ#Zalen

နောက်ဆုံးရသတင်းများ

အမေရိကန်က အီရန်ကို တိုက်ခိုက်ပြီးနောက် ရေနံဈေးမြင့်တက်၊စွမ်းအင်ဈေးကွက် စိုးရိမ်မှုမြင့်တက်လာ

ဇူလိုင် ၈၊ ၂၀၂၆Zalen အမေရိကန်က အီရန်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာပြီး၊ ကမ္ဘာ့စွမ်းအင်ဈေးကွက်မှာလည်း စိုးရိမ်မှုတွေ ထပ်မံမြင့်တက်လာပါတယ်။ နိုင်ငံတကာ ရေနံဈေးနှုန်း အညွှန်းကိန်းဖြစ်တဲ့ Brent Crude ဟာ ဇူလိုင် ၈ ...

ဆက်ဖတ်ရန်