ငဖဲမြို့နယ်မှာ ချင်းအမျိုးသား ၁၀ ဦး ဖမ်းဆီးခံရ

၁၊ ဇွန်လ၊ ၂၀၂၄

Zalen

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အင်ပိုးကျေးရွာနဲ့ ရှောက်တောင်ကျေးရွာတို့မှ ချင်းအမျိုးသား ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်ပိုးကျေးရွာမှ ချင်းအမျိုးသား ၇ ဦးကို မနေ့ မေလ ၃၁ ရက်နေ့၊ မနက် ၁၁ နာရီဝန်းကျင်နဲ့ ရှောက်တောင်ကျေးရွာမှ ချင်းအမျိုးသား ၃ ဦးကို ဒီနေ့ ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီ တပ်ဖွဲ့တွေက ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

Zalen ad

“ရှောက်တောင်အခြေစိုက် ကပစ ၁၄ က စစ်သားတွေ ရွာထဲကို ဝင်ရောက်လာပြီး ဖမ်းဆီးသွားတာပါ။ အခု ဖမ်းခံရတဲ့ လူတွေအားလုံး ကပစ ၁၄ ထဲမှာ ဖမ်းဆီး ထိမ်းသိန်းထား​ပြီး စစ်ဆေးခံနေရပါတယ်။ ပြန်မလွတ်လာကြသေးဘူး။”လို ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ကပစ ၁၄ ကင်းဂိတ် တစ်ခု မနေ့ မေလ ၃၁ ရက်နေ့က တိုက်ခိုက်ခံရပြီးနောက် အနီးနားကျေးရွာတွေက ဒေသခံ အရပ်သားတွေကိုစစ်ကောင်စီက မသင်္ကာလို့ အင်အားအလုံးရင်းနဲ့ ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ဒီနေ့ မနက်ပိုင်းကစလို့ စစ်ကောင်စီက အင်အား ၇၀ခန့်နဲ့ အင်ပိုးကျေးရွာကို စစ်ကြောင်းထိုးလာတယ်လို့ သိရပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်က စက်လှေသမား ရခိုင်မှာ ပျောက်ဆုံးနေ

ဇွန် ၁၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကိုဖေရှေကျေးရွာက အသက် (၃၂) နှစ်ဝန်းကျင် ချင်းအမျိုးသား စက်လှေသမားတစ်ဦးဟာ ရခိုင်ပြည်နယ်ထဲကို ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ သွားရောက်ခဲ့ပြီးနောက်ပိုင်း ဒီနေ့အထိ အိမ်ပြန်မရောက်သေးဘူးလို့ သိရပါတယ်။ သူဟာ ကုန်ပစ္စည်းပို့ဆောင်ပြီးကတည်းက ...

ဆက်ဖတ်ရန်