ထန်တလန်မြို့မှာ တိုက်ပွဲဖြစ်ပြီး CNAတပ်သားတစ်ဦး ကျဆုံး၊ သုံးဦး ဒဏ်ရာရ

စက်တင်ဘာ ၂၁၊ ၂၀၂၃။

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စက်တင်ဘာ ၁၈ရက်နေ့က စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားတပ်မတော် (CNA)၊ ထန်တလန် ဒေသကာကွယ်ရေးအဖွဲ့ CDF-Thantlang ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး CNA တပ်သားတစ်ဦးကျဆုံးကာ သုံးဦးဒဏ်ရာရ ရရှိခဲ့တယ်လို့ ထန်တလန် CDFအဖွဲ့က ပြောပါတယ်။

ထန်တလန်မြို့ထဲရှိ CNA နဲ့ CDF-Thantlang တပ်စွဲထားတဲ့ CB ဘဏ်နဲ့ ရဲစခန်းကို စစ်ကောင်စီတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား သေဆုံးမှုတွေလည်း ရှိခဲ့ပြီး အရေအတွက် အတိအကျမသိရသေးဘူးလို့ သိရပါတယ်။

ထန်တလန်မြို့ကို ဟားခါးမြို့ကနေ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တာကြောင့် တစ်နေကုန်နီးပါးတိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ CDF ထန်တလန်အဖွဲ့က ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ZZLMS နယ်မြေအတွင်းရှိလူငယ်လူရွယ်များအတွက် ခရီးသွားလာခွင့်ကန့်သတ်

ဒီဇင်ဘာ ၂၀၊ ၂၀၂၅ Zalen ချင်းပြည်နယ် အလယ်ပိုင်းမှာရှိတဲ့ ZZLMS နယ်မြေဧရိယာအတွင်းရှိ လူငယ်များအနေဖြင့် တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ထမ်းဆောင်ကြရန် ဖိတ်ခေါ်ထားပြီး ခရီးသွားလာခွင့်ကိုလည်းကန့်သတ်ကြောင်း ZZLMS က ဒီကနေ့ထုတ်ပြန်ပါတယ်။ ZZLMS ဟာ ဇိုတုန်၊ ဇိုဖဲ၊ ...

ဆက်ဖတ်ရန်