မလေးရှားမှာ တစ်ရက်တည်း မြန်မာအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၁၀၀၀ ကျော်နဲ့ အလုပ်ရှင်တွေဖမ်းဆီးခံရ

မေလ ၈ ရက်၊ ၂၀၂၅ ခုနှစ်

Zalen

မလေးရှားနိုင်ငံ၊ ကွာလမ်လာပူမြို့မှာ တစ်ရက်တည်းအတွင်း မြန်မာအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၁၂၇၀ ဦးနဲ့ လုပ်ငန်းရှင် ၁၁ ဦး တို့ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒီနေ့ မေလ ၈ ရက်နေ့မှာ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

မနေ့ မေလ ၇ ရက်နေ့က ကွာလမ်လာပူမြို့ရှိ နိုင်ငံခြားသားတွေ လုပ်ကိုင်နေကြတဲ့ အလုပ် ၆ နေရာကို မလေးရှား လဝက၊ ရဲ နဲ့ အာဏာပိုင်တွေက စစ်ဆေးစဥ် အထောက်အထားအပြည့်စုံ မပြနိုင်တဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Zalen ad

နိုင်ငံခြားသား ၁,၇၅၆ ဦးစစ်ဆေးရာမှာမှာ အထောက်အထား အပြည့်စုံ မပြနိုင်တဲ့ နိုင်ငံခြားသား ၁,၂၇၀ ဦးနဲ့ တရားမဝင် နိုင်ငံခြားသားကို အလုပ်ခန့်တဲ့ လုပ်ငန်းရှင် ၁၁ ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ လဝက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ဘယ်နိုင်ငံသားတွေ ဘယ်လောက်ဖမ်းဆီးခံရလဲဆိုတာ ထုတ်ပြန်ချက်ထဲ ဖော်ပြထားခြင်းမရှိပါဘူး။

အခုမေလ မှစတင်၍ တရားမဝင် နိုင်ငံခြားသားတွေကို အလုပ်ခန့်တဲ့ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ဝန်ဆောင်မှု နဲ့ တရားမဝင် လုပ်လုပ်နေကြတဲ့နေရာတွေမှာ ဆက်လက် စစ်ဆေးဖမ်းဆီးမှုတွေပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုစစ်ဆေးဖမ်းဆီးတာဟာ အလုပ်ရှင်တွေကို တရားမဝင် နိုင်ငံခြားသားတွေကို အလုပ်မခန့်ဖို့ သတိပေးရည်ရွယ်တယ်လို့ လဝက ထုတ်ပြန်ထားပါတယ်။

မနေ့က ဂျိုးဟိုးပြည်နယ်၊ ဂျိုးဟိုးမြို့မှာလည်း နိုင်ငံခြားသားတွေ အလုပ်လုပ်ကိုင်နေကြတဲ့ နေရာတွေမှာ လဝကနဲ့ အာဏာပိုင်အဖွဲ့တွေက စစ်ဆေးမှုတွေ ပြုလုပ်သွားပြီး မြန်မာအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသားတွေ ဖမ်းဆီးခံရမှုရှိတယ်လို့ သိရပါတယ်။

သတင်း-ကိုခူမီး

နောက်ဆုံးရသတင်းများ

ကုလားတန်စီမံကိန်း အရှိန်မြှင့်ဆောင်ရွက်ဖို့ စစ်ခေါင်းဆောင် တိုက်တွန်း

ဇူလိုင် ၁၀၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းကို ယခင်က ရပ်တန့်ထားရာမှ ပြန်လည်စတင်နေပြီး၊ ပိုမိုအရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားပါတယ်။ ဇူလိုင် ၉ ရက်က နေပြည်တော်မှာ ...

ဆက်ဖတ်ရန်