စစ်ကောင်စီက ကလေး-တမူးလမ်းပိုင်းရှိ ကနန်ကျေးရွာကို ဆက်လက်တိုက်ခိုက်ပြီး လေကြောင်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်

ဇူလိုင်  ၁၀၊  ၂၀၂၆

Zalen

Zalen ad

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပိုင်ရှိ ကနန်ကျေးရွာကို ဆက်လက်တိုက်ခိုက်နေပြီး လေကြောင်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသသတင်းအရင်းအမြစ်များထံက သိရပါတယ်။

ဇူလိုင်လ ၉ရက်နေ့မနက်ကစပြီး ကနန်ကျေးရွာနဲ့ ကမ္မကြီး အနီးမှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေး အင်အားစုများကြား တိုက်ပွဲပြင်းထန်နေခဲ့တာဖြစ်ပါတယ်။

“တိုက်ပွဲက မနက်ကတည်းကစ တာ အထိအခိုက်တော့ မသိရသေးဘူး ဖုန်းလိုင်းက အဆင်မပြေတော့။  ညနေပိုင်းမှာတော့ လေကြောင်းနဲ့ နှစ်ကြိမ် လာချသွားတယ် အဲမှာလည်းထိခိုက်ပျက်ဆီးမှု မသိရသေးဘူး” လို့ သတင်းအရင်းအမြစ်တဦးက Zalen ကိုပြောပါတယ်။

စစ်ကောင်စီက ဇူလိုင်လ ၉ရက်နေ့ကနေ ကလေး-တမူးလမ်းပိုင်းရှိ ကနန်ကျေးရွာကို စစ်အင်အား အလုံးအရင်းအသုံးပြုပြီး ပြေပြင်ကနေ ထိုးစစ်ဆင်ခဲ့သလို လေကြောင်းနဲ့ပါ ပစ်ကူတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အရေးပါတဲ့  ကလေး-တမူးလမ်းပိုင်းကို ပြန်လည်ရရှိနိုင်ဖို့ အသည်းအသန်ကြိုးစားနေပြီး အဲဒီတိုက်ပွဲတွင် အိန္ဒိယ၊ မဏိပူရ်ပြည်နယ်ခွဲထွက်ရေးသူပုန် ကသည်းလက်နက်ကိုင်တပ်ဖွဲ့များနဲ့ NSCN-IM တန်ခူလ်းလက်ကိုင်တပ်အဖွဲများကိုရှေ့တန်းစစ်မြေပြင်မှာ အဓိက အသုံးပြုနေသလို SNA၊ ပျူစောထီးအဖွဲ့များကိုလည်း အသုံးပြုထားတယ်လို့ စစ်ရေးသတင်း အရင်းအမြစ်များအရ သိရပါတယ်။

သတင်း – S-P

ပုံစာ – ဇွန်လ ၂၂ ရက်နေ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားတဲ့ ကနန်ကျေးရွာလူနေအိမ်အချို့မြင်ကွင်း။

#စစ်ကောင်စီ #ကလေး-တမူးလမ်းပိုင်း #ကနန်ကျေးရွာ #ဗုံးကြဲ#Zalen

နောက်ဆုံးရသတင်းများ

စစ်တပ်က ခမ်းပါတ်မြို့အတွင်း လူနေအိမ်၊ ဆိုင်ခန်းတွေက တန်ဖိုးရှိပစ္စည်းများကို ခိုးယူနေ

ဇူလိုင် ၉၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့မှာ စစ်တပ်က တိုက်ပွဲအတွင်း လူနေအိမ်နဲ့ ဆိုင်းခန်းတွေမှ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသယ်ထုတ်နေကြတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်များအဆိုအရသိရပါတယ်။ ပြီးခဲ့တဲ့အပတ်က ခမ်းပါတ်မြို့မှာတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်အုပ်စုက နေအိမ်တချို့နဲ့ ဆိုင်ခန်းတချို့မှာ တန်ဖိုးပစ္စည်းများကို ...

ဆက်ဖတ်ရန်