မြေပြိုလို့သေဆုံးသွားတဲ့သူတွေကို နစ်နာကြေး ကျပ်သိန်း ၈၀ ကျော်စီပေးအပ်

မြေပြိုလို့သေဆုံးသွားတဲ့သူတွေကို နစ်နာကြေး ကျပ်သိန်း ၈၀ ကျော်စီပေးအပ်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ မြေပြိုလို့သေဆုံးသွားတဲ့ ၃ ယောက်ကို နစ်နာကြေး ကျပ်သိန်း ၈၀ ကျော် (ရူပီး လေးသိန်း) စီပေးအပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။

အိုင်ဇောလ်မြို့တော် Durtlang ရပ်ကွက် အခြေခံလူတန်းစားတွေနေထိုင်ရာ တန်ဖိုးနည်းအိမ်ယာ သုံးလုံးဟာ ဇူလိုင် ၂ ရက် ညနေ ၆ နာရီခန့်တွင် မြေပြိုလို့ တိုက်အိမ်ပျက်စီးတာကြောင့် လူ ၃ ယောက်သေဆုံးပြီး ၁၁ ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသူတွေထဲတွင် ဦ…. (၅၂ နှစ်)၊ မ… (၁၃ နှစ်)၊ မောင်…(၈ နှစ်)တို့ဖြစ်ပြီး ပြင်းထန်စွာဒဏ်ရာရရှိတဲ့သူ ၃ ဦးကို ဆေးရုံသို့ကုသလျက်ရှိပြီး ကျန် ၈ ဦးမှာဆေးရုံမှပြန်လည်ထွက်ခွာပြီဖြစ်ပါတယ်။ ပြင်းထန်စွာဒဏ်ရာရရှိတဲ့သူ ၃ ဦးကို အစိုးရက ကျပ် ၄ သိန်းကျော်စီ (ရူပီး နှစ်သောင်း)ထောက်ပံ့ကူညီသွားမယ်လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်ထန်ငါကဆိုပါတယ်။

Zalen ad

တန်ဖိုးနည်းအိမ်ယာတွင် တိုက်အိမ် အလုံး ၂၀ ရှိပြီး လေးထပ်စီရှိပါတယ်။ တိုက်အိမ်တစ်လုံးစီတွင် မိသားစု ၁၆ စုနေထိုင်နိုင်ပါတယ်။ ၎င်းအိမ်ယာတွင်နေထိုင်တဲ့သူတွေက အခုပျက်စီးသွားတဲ့တိုက်အိမ် ၃ လုံးတွင် မိသားစု ၁၈ စုနေထိုင်ပြီး သေဆုံးသွားတဲ့သူတွေဟာ မြေညီထပ်တွင်နေထိုင်တဲ့သူတွေဖြစ်တယ်လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်က စက်လှေသမား ရခိုင်မှာ ပျောက်ဆုံးနေ

ဇွန် ၁၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကိုဖေရှေကျေးရွာက အသက် (၃၂) နှစ်ဝန်းကျင် ချင်းအမျိုးသား စက်လှေသမားတစ်ဦးဟာ ရခိုင်ပြည်နယ်ထဲကို ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ သွားရောက်ခဲ့ပြီးနောက်ပိုင်း ဒီနေ့အထိ အိမ်ပြန်မရောက်သေးဘူးလို့ သိရပါတယ်။ သူဟာ ကုန်ပစ္စည်းပို့ဆောင်ပြီးကတည်းက ...

ဆက်ဖတ်ရန်