ကလေးမြို့နယ်တွင် သိန်း (၇၀၀)ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ကလေးမြို့နယ်၊ ကလေး-တမူးကြားကားလမ်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေက စစ်ဆေးစဉ် ကာလပေါက်ဈေး သိန်း ၇၇၀ တန်ဖိုးရှိတဲ့ ဘိန်းဖြူကို နိုဝင်ဘာလ (၂၃)ရက်က ဖမ်းဆီးရမိတယ်လို့ သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ (၆)နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သတင်းအရ သက်သေများနဲ့အတူ ကလေးမြို့နယ်၊ ကလေး-တမူး သွားကားလမ်းတွင် ကလေးမြို့ဘက်မှ တမူးမြို့ဘက်သို့ တမူးမြို့၊ ဈေးတန်း(၆)ရပ်ကွက်နေ ရန်းခိုဂင်မာန် ၂၃ နှစ် စီးနင်းမောင်းနှင်လာတဲ့ မော်တော် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသောလွယ်အိတ်အတွင်းမှ ရောင်စုံဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၇၇၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၇၀ သိန်း)၊ မြန်မာငွေ ၃ သိန်း နဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

၎င်းကို ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း CCDAC Myanmar ကဖော်ပြထားပါတယ်။

(Zawgyi)

ကေလးၿမိဳ႕နယ္တြင္ သိန္း (၇၀၀)ေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴမ်ား ဖမ္းဆီးရမိ

ကေလးၿမိဳ႕နယ္၊ ကေလး-တမူးၾကားကားလမ္းတြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔မွ တပ္ဖဲြ႕၀င္ေတြက စစ္ေဆးစဥ္ ကာလေပါက္ေစ်း သိန္း ၇၇၀ တန္ဖိုးရွိတဲ့ ဘိန္းျဖဴကို ႏိုဝင္ဘာလ (၂၃)ရက္က ဖမ္းဆီးရမိတယ္လို႔ သတင္းရရွိပါတယ္။

ျဖစ္စဥ္မွာ ႏိုဝင္ဘာလ ၂၃ ရက္ေန႔ ညေန (၆)နာရီတြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔မွ တပ္ဖဲြ႕၀င္မ်ားက သတင္းအရ သက္ေသမ်ားနဲ႔အတူ ကေလးၿမိဳ႕နယ္၊ ကေလး-တမူး သြားကားလမ္းတြင္ ကေလးၿမိဳ႕ဘက္မွ တမူးၿမိဳ႕ဘက္သို႕ တမူးၿမိဳ႕၊ ေစ်းတန္း(၆)ရပ္ကြက္ေန ရန္းခိုဂင္မာန္ ၂၃ ႏွစ္ စီးနင္းေမာင္းႏွင္လာတဲ့ ေမာ္ေတာ္ ဆိုင္ကယ္အား ရပ္တန္႔စစ္ေဆးရွာေဖြရာ ၎လြယ္ထားေသာလြယ္အိတ္အတြင္းမွ ေရာင္စံုဆပ္ျပာခြက္မ်ားျဖင့္ ထည့္ထားသည့္ ဘိန္းျဖဴအေလးခ်ိန္ ၇၇၀ ဂရမ္(ေဒသကာလေပါက္ေစ်းတန္ဖိုးေငြက်ပ္ ၇၇၀ သိန္း)၊ ျမန္မာေငြ ၃ သိန္း နဲ႔ လက္ကိုင္ဖုန္း ၁ လံုးတို႕အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ပါတယ္။

၄င္းကို ကေလးၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း CCDAC Myanmar ကေဖာ္ျပထားပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်