စစ်ကောင်စီလက်ချက်နဲ့ ၃ လအတွင်း ရဲဘော်တစ်ဦးအပါဝင် မင်းတပ်ပြည်သူ ၁၀ ဦးသေဆုံးခဲ့ပြီး နေအိမ် ၅၀ ကျော်ဆုံးရှုံးခဲ့

၁၄၊ ဧပြီ၊၂၀၂၄

Zalen

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ကနေ ဧပြီလ ၂ ရက်‌ေန့အထိ သုံးလတာ ကာလမှာ စစ်ကောင်စီ လက်ချက်နဲ့ CDF-Mindat ရဲဘော်တစ်ဦးအပါအဝင် မင်းတပ်ပြည်သူ ၁၀ ဦး သေဆုံးခဲ့ကာ ပြည်သူနေအိမ် ၅၀ကျော်ပျက်ဆီးဆုံး ရှုံးခဲ့တယ်လို့သိရပါတယ်။

၂၀၂၄ ခုနှစ် သုံးလ တာကာလအတွင်း ချင်းပြည်နယ်၊မင်းတပ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ကျူး ကျော်တိုက်ခိုက်မှုစာရင်းကို CDF-Mindat က မနေ့ဧပြီလ ၁၃ ရက်မှာထုတ်ပြန်ခဲ့တာပါ။

၂၀၂၄ ခုနှစ် သုံးလအတွင်းမှာ စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၂ ဦး၊ရဲဘော်တစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ ၁၁ ဦးနဲ့ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ ပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုများအတွင်း မင်းတပ်မြို့နယ်အတွင်းမှာရှိတဲ့ ဘုရားကျောင်း ၃ ဆောင်၊ စာသင်ကျောင်းနှစ်ဆောင်နဲ့ ပြည်သူနေအိမ် ၃၉ လုံးပျက်ဆီးသွားပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်မှာစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ် ၊ပလက်ဝမြို့နယ် နှုမ်းရွာမှာ မင်းတပ် ပြည်သူ ဆိုင်ကယ်ကယ်ရီသမား ၆ ဦးသေဆုံးခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးပစ်ခတ် မှုကိုလည်း အကြိမ်ရေများစွာပြုလုပ်ခဲ့ရာ ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရတဲ့အပြင် နေအိမ် ၁၀ လုံး ပျက်ဆီးဆုံးရှုံးခဲ့ပါတယ်။ စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိတာကြောင့် ၃ လအတွင်း ပြည်သူနှစ်ဦး ခြေထောက် ဆုံးရှုံးရသလို တစ်ဦးမှာ ကျောပြင်ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ သုံးလတာကာလအတွင်း မင်းတပ်ပြည်သူ အယောက် ၃၀ ကို ဖမ်းဆီးချုပ်နှောင်ခဲ့ရာ ၁၀ ဦး ကိုယနေ့အချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးဘူးလို့သိရပါတယ်။

စစ်ကောင်စီရဲ့ သုံးလတာကာလ အတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု များကြောင့် တော်လှန်ရေးရဲဘော်များအပါအဝင် ပြည်သူ ၁၀ ဦးသေဆုံးခဲ့ကာ ၂၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ဒါ့အပြင် ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်း နဲ့ စစ်ဘေးရှောင်စခန်းတို့အပြင် ပြည်သူနေအိမ် ၅၂ လုံးလည်း ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်