တီးတိန်မြို့မှာ ဗုံးပေါက်ကွဲလို့ ကလေးငယ်တစ်ဦးနဲ့ မိခင်ဖြစ်သူတို့ ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေရ

၈၊ မတ်၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မတ်လ ၇ရက်နေ့ နေ့လည်ပိုင်းက စကောလမ်ရပ်ကွက်နဲ့ မြို့မရပ်ကွက်ကြားမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တာကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးဟာ အသက် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ မိခင်ဖြစ်သူတို့ဖြစ်ပြီး ရေချိုးနေစဉ် ဗုံးပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

” အဲဒီ စကောလမ်းနဲ့ မြို့မကြားမှာ ချောင်းရှိတဲ့ အဲဒီချောင်းက ဝါးရုံနားမှာပေါက်တာ။ အဲဒီချောင်းမှာ ရေချိုးနေတဲ့ သားအမိ ဗုံးစမှန်ပြီး အခု ဆေးရုံမှာပဲ၊ ဆေးကုနေရတုန်း။ အမေဖြစ်သူကတော့ ခေါင်းထိသွားတယ်။ ပြီးတော့ အဲဒီနားက နေအိမ်တချို့လည်း ပျက်စီးသွားတယ်။ ” လို့ ဒေသခံတစ်ဦးက Zalenကို ပြောပါတယ်။

အခုပေါက်ကွဲတဲ့ ဗုံးဟာ ဘယ်အဖွဲ့အစည်း ထောင်ထားတဲ့ ဗုံးဆိုတာ မသိရှိရသေးဘူးလို့ ‌ဒေသခံတွေက ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်မှာ စကောလမ်ရပ်ကွက်နဲ့ မြို့မရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က နေအိမ်တွေကို စစ်ဆေးခဲ့သလို လမ်းသွားလမ်းလာ ‌ တွေကိုလည်း စစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နွေဦးချယ်ရီ

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်