နမ့်ဆန်မြို့မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးဆော့ရာမှ ပေါက်ကွဲပြီး ကလေး ၃ ဦးသေဆုံး

၂၊ ဇန်နဝါရီ၊ ၂၀၂၄
Zalen

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့မှာ တိုက်ပွဲတွင်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် ဆော့ကစားရာမှ ပေါက်ကွဲပြီး ကလေးငယ် (၃)ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

ဒီနေ့ ဇန်နဝါရီ ၂ ရက်နေ့၊ နေလည်ချိန်က နမ့်ဆန်မြို့၊ ဇယန်းကြီးရပ်ကွက်နေ ကလေးငယ် ၃ ဦးမှာ တိုက်ပွဲတွင်းက လက်နက်ကြီးကျည် ၁ လုံးကို အပြိုင်အလှန် ဆော့ကစားရင်း ပေါက်ကွဲပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးကျည် ပေါက်ကွဲပြီး သေဆုံးသွားတဲ့ ကလေး ၃ ဦးမှာ မိုင်းနေမင်းအောင် အသက် (၆)နှစ်၊ မိုင်းလှိုင်မင်းအောင် အသက် (၁၀)နှစ်၊ မိုင်းအောင်ကျော်ဇော် အသက် (၁၁)နှစ်တို့ ဖြစ်ပါတယ်။

နမ့်ဆန်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ TNLA တပ်ဖွဲ့က ၅ ရက်ကြာ တိုက်ခိုက်ပြီးမှ ဒီဇင်ဘာ ၁၅ နေ့မှာ မြို့အားလုံးစုံကို တိုက်ခိုက်သိမ်းရရှိထားပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၎င်းတို့တပ်ဝန်းကျင်အပြင် မြို့တွင်းတပ်စွဲထားတဲ့နေရာတွေနဲ့ ပြည်သူလူထုတွေရဲ့ ခြံဝန်းအတွင်း ထောင်ထားတဲ့ မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ ၎င်းတို့ ပစ်ခတ်တဲ့ လက်နက်ကြီးတွေကို PSLF/TNLA မှ လိုက်လံရှင်းလင်းနေပြီး တွေ့ရှိပါက အကြောင်းကြားဖို့ ညွန့်ကြားထားပါတယ်။

သတင်း- ခူမီး

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်