ပလက်ဝမြို့နယ်က အစိုးရ ဝန်ထမ်းနဲ့ ပင်စင် လစာတွေ နှစ်လကြာထိ ထုတ်ယူခွင့် မရ

၁၆၊ဖေဖော်ဝါရီ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က အစိုးရ ဝန်ထမ်း လစာ နဲ့ ပင်စင် လစာတွေနှစ်လကြာထိ ထုတ်ယူခွင့်မရရှိသေးဘဲ အခက်တွေ့နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပလက်ဝမြို့နယ်က အစိုးရ ဝန်ထမ်းနဲ့ ပင်စင် လစာကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ကစပြီး ဒီနေ့ထိ လစာ ထုတ်ယူခွင့်မရရှိသေးဘဲ မိသားစု စားဝတ်နေရေးအတွက် အခက်တွေ့နေရဟု အစိုးရဝန်ထမ်း တစ်ဦးက ပြောပါတယ်။

Zalen ad

“ဒီဇင်ဘာလ၊ ဇန်နဝါရီလ နှစ်လစာ ထုတ်လို့ မရသေးဘူး။ အဓိက လစာကို မှီခိုပြီး စားသောက်ရတာဖြစ်တဲ့အတွက် အခက်ခဲတွေက ရှိပါတယ်။ အလုပ်အကိုင်ကလည်း မရှိဘူး။ ပလက်ဝမှာ လုပ်ရမယ့် အလုပ်လည်းမရှိဘူး။ အကုန်လုံးက အလုပ်လက်မဲ့တွေချည်း ဖြစ်နေတယ်။”လို့ ဆိုပါတယ်။

ပလက်ဝမြို့က စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်း၊ ရဲစခန်းတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့က AAမှ တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရားအားလုံး ရပ်ဆိုင်းထားသလို အစိုးရ ဝန်ထမ်းနဲ့ ပင်စင် လစာတွေ ထုတ်ယူခွင့် လုံးဝ ရပ်တန့်သွားခဲ့ပါတယ်။

“အရင်က ပင်စင်လစာကို စီးပွားရေးဘဏ်မှာ ထုတ်ကြတာပါ။ အခု ဘဏ်ကို AA က သိမ်းလိုက်ပြီ။ ထုတ်စရာ နေရာမရှိတော့ဘူး။ လစာမရတာလည်း ၂ လ လောက် ရှိနေပြီ။”လို့ အငြိမ်းစား ကျောင်းဆရာမ တစ်ဦးက ဆိုပါတယ်။

လက်ရှိ ပလက်ဝမြို့နယ်က စစ်ကောင်စီ ဌာနဆိုင်ရာ ရုံးအဆောက်အဦး အားလုံးကို AA က ထိန်းချုပ်ထားပြီး ပလက်ဝမြို့နယ်ကို မည်သည့် စီမံဖြင့် အုပ်ချုပ်သွားမယ်ကိုတော့ ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပါ။

သတင်း- ခူမီး

နောက်ဆုံးရသတင်းများ

ထိုင်းမှာ လုပ်ခ လစာမရရှိမှုကြောင့် အလုပ်ရှင်ကို သတ်ဖြတ်ခဲ့ကြောင်း မြန်မာလုပ်သား ၄ ဦး ဝန်ခံ

မေ ၄၊ ၂၀၂၆Zalen ထိုင်းနိုင်ငံ၊.ချင်းမိုင်ခရိုင်၊ မယ်ရင်း (Mae Rim) ရှိ အလုပ်သမားစခန်းတခုမှာ ၎င်းတို့၏ အလုပ်ရှင်ကို သတ်ဖြတ်မှုဖြင့် မြန်မာလုပ်သား ၄ ဦးကို ယမာန်နေ့ မေ ၂ ရက်က ချင်းရိုင်နယ်စပ်မှာ ...

ဆက်ဖတ်ရန်