ပလက်ဝမြို့နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA)တို့ သုံးနေရာထက်မနည်း တိုက်ပွဲဖြစ်ပွား

၂၊ ဇန်နဝါရီ၊ ၂၀၂၃
Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA)တို့ သုံးနေရာထက်မနည်း တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပလက်ဝ-ကျောက်တော် နယ်စပ်က မီးဝဗျူဟာကုန်း၊ မြန်မာ-အိန္ဒိယ နယ်စပ်က ရှင်းလက်ဝ တပ်စခန်း၊ ပွိုင့် ၃၁၃ စခန်းကုန်းနဲ့ မြို့အနီး စခန်းတွေမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက Zalenကို ပြောပါတယ်။

“မီးဝ ဗျူဟာကုန်းကို တိုက်တာ တစ်ပတ်ကျော်ပြီ။ တိုက်တာက နေ့ည မပြတ် တိုက်တာပါ။ စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ပစ်ကူပေးနေတယ်။ လက်နက်ကြီးတွေရော ထုနေတယ်။ ရွာသားတွေက နေ့၊ ည အိပ်မရဘူး။”လို့ မီးဝကျေးရွာသား တစ်ဦးက ဆိုပါတယ်။

Zalen ad

ရက္ခိုင့်တပ်တော်(AA) ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတဲ့ အဆိုပါ ဗျူဟာကုန်းအား စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ်တွေဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးတွေနဲ့ နေ့၊ ညအချိန်မရွေး ပစ်ကူပေးနတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ-အိန္ဒိယနယ်စပ် ပလက်ဝမြို့နယ်ထဲက စစ်ကောင်စီ ရှင်းလက်ဝ တပ်စခန်းမှာလည်း ရက္ခိုင့်တပ်တော်(AA)က အင်အားအလုံးရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

“ရှင်းလက်ဝမှာ တိုက်ပွဲဖြစ်နေတယ်။ ရွာသားတွေ ရှောင်ခွင့် မပေးဘူး။ ရွာထဲမှာဘဲ နေရတယ်။ လက်နက်ကြီးတွေ ဆက်တိုက် ကြားနေရတယ်။ အေအေတွေကလည်း အင်အားအများကြီးနဲ့ တိုက်ခိုက်နေပါတယ်။”လို့ ရှင်းလက်ဝရွာသား တစ်ဦးက ဆိုပါတယ်။

လက်ရှိ ပလက်ဝမြို့နယ်က စစ်ကောင်စီ ဗျူဟာကုန်း၊ စခန်းကြီး၊ စခန်းငယ် စုစုပေါင်း ၂၀ နီးပါးကို ရက္ခိုင့်တပ်တော်(AA)က အပြီးသတ်တိုက်ခိုက် သိမ်းပိုက်ရရှိထားပါတယ်။

သတင်း- ခူမီး

နောက်ဆုံးရသတင်းများ

ကလေးမြို့ပေါ်မှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို အဖမ်းအဆီး အလွန်ကြမ်းနေပြီး နေရာအနှံ့ ပေါ်တာဆွဲမှုများပြားလာ

မေ ၂၁၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ စစ်မှုထမ်းဖို့အတွက် လမ်းသွားလမ်းလာ လူငယ်တွေကို အာဏာသိမ်းစစ်တပ်နဲ့ ၎င်းရဲ့ လက်ပါးစေတွေက အရှိန်မြှင့် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ အခုရက်ပိုင်းအတွင်း ဖမ်းဆီးမှုတွေ အလွန်စိပ်လာနေပြီး ပြီးခဲ့တဲ့ မေလ ...

ဆက်ဖတ်ရန်