ပလက်ဝမြို့နယ် ငရှားရွာသားတစ်ဦး မိုင်နင်းမိလို့ ခြေထောက်တစ်ဘက်ပြတ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ငရှားကျေးရွာနေ ရွာသားတစ်ဦးသည် တောင်ယာ အပြန်လမ်းခရီးတွင် မှိုင်းထိခံခဲ့ကြောင်း မိသားစုဝင်နီးစပ်သူဆွေမျိုးတစ်ဦးက ပြောပါတယ်။

မေ(၂၈)ရက်နေ့ မနက်(၇)နာရီဝန်းကျင်တွင် သားမိနှစ်ယောက် (၁)နာရီလောက်အကြာသွားရသော တောင်ယာအခင်းရှိရာသို့ သွား‌ရောက်ပြီး ညနေ(၃)နာရီဝန်းကျင် အပြန်လမ်းခရီးတစ်ဝက်လောက်တွင် ရှေ့ကသွားတဲ့ သားဖြစ်သူ မိုင်းနင်းမိ၍ အောက်ပိုင်းထိမှန်သဖြင့် ကျန်လမ်းခရီးတစ်ဝက်ကို မိခင်ဖြစ်သူမှ ထမ်းခေါ်ခဲ့ပြီး နီးစပ်ရာတပ်စခန်းတွင် ပြသရာ ယာခြေဘက်ဖြတ်လိုက်ရကာ တစ်ဆက်တည်းမှာပဲ ပလက်ဝမြို့ပြည်သူ့ဆေးရုံသို့ စက်လှေဖြင့် ဆင်းလာပြီး ည(၁၀)နာရီဝန်းကျင်တွင် ရောက်ရှိခဲ့ပါတယ်။

မိုင်းထိလူနာအား ရခိုင်ပြည်နယ် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူရန် ညွှန်းဆိုထားသဖြင့် မေ (၂၉)ရက်နေ့ (၈:၃၀)နာရီဝန်းကျင်တွင် ပလက်ဝမြို့မှထွက်ခွါကာ စစ်တွေမြို့သို့ ညနေ(၅)နာရီဝန်းကျင် ရောက်ရှိခဲ့ကြောင်း ပြောပါတယ်။

အဆိုပါ မိုင်းထိမှန်ခံရသူ ဆလိုင်းအောင်အောင်ဦး အသက်(၂၀)သည် ဖခင်ဖြစ်သူကွယ်လွန်ပြီးမိခင်ဖြစ်သူ ဒေါ်ကိုးလုံးနှင့်အတူ သားမိနှစ်ယောက် ဘဝကိုခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီး ယခုဆေးဝါးကုသနိုင်ရန် ငွေကြေးများစွာ အခက်အခဲရှိနေကြောင်း သိရှိရပါတယ်။ ဆက်သွယ်လှူဒါန်းကူညီပေးလိုလျှင်- 09881925002

ယခုလိုဖြစ်စဉ်မျိုး ပလက်ဝမြို့နယ်တွင်းတွင် ၂၀၁၅ခုနှစ် နောက်ပိုင်းမှစပြီး ရခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော် မကြာခဏဆိုသလို တိုက်ပွဲများကြောင့် ဒေသခံပြည်သူများအနေနဲ့ မှိုင်းထိသေဆုံး/ဒဏ်ရာရရှိသူများရှိခဲ့ရ ပြီး စစ်ဘေးရှောင်ဒုက္ခသည်ဘဝဖြင့် ပလက်ဝမြို့နှင့်ဆမီးမြို့များတွင် ယနေ့အထိ နေရပ်မပြန်နိုင်သေးပဲ တိမ်းရှောင်နေနေရသူ လူဦးရေ(၁)သောင်းဝန်းကျင် ရှိနေသေးကြောင်း သိရှိရပါတယ်။

ထို့အတူ ၂၀၂၁ခုနှစ်-ဖေဖေါ်ဝါရီ(၁)ရက် အာဏာသိမ်းပြီးနောက်ပိုင်း ပလက်ဝမြို့နယ်အတွင်းမှာ ချင်းနယ်မြေခံကာကွယ်ရေးတပ်ဖွဲ့ CDF-Paletwa/ Mara/ Daii စသည့်လက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲများရှိလာကာ ဒေသခံပြည်သူ များတစ်ချို့ အိန္ဒိံယနိုင်ငံဘက်သို့ လူဦးရေ(၁)ထောင်ကျော် စစ်ဘေးတိမ်ရှောင်နေ နေရကြောင်း သိရှိရပါတယ်။

Zawgyi

ပလက္ဝၿမိဳ႕နယ္ ငရွား႐ြာသားတစ္ဦး မိုင္နင္းမိလို႔ ေျခေထာက္တစ္ဘက္ျပတ္

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ ငရွားေက်း႐ြာေန ႐ြာသားတစ္ဦးသည္ ေတာင္ယာ အျပန္လမ္းခရီးတြင္ မႈိင္းထိခံခဲ့ေၾကာင္း မိသားစုဝင္နီးစပ္သူေဆြမ်ိဳးတစ္ဦးက ေျပာပါတယ္။

ေမ(၂၈)ရက္ေန႔ မနက္(၇)နာရီဝန္းက်င္တြင္ သားမိႏွစ္ေယာက္ (၁)နာရီေလာက္အၾကာသြားရေသာ ေတာင္ယာအခင္းရွိရာသို႔ သြား‌ေရာက္ၿပီး ညေန(၃)နာရီဝန္းက်င္ အျပန္လမ္းခရီးတစ္ဝက္ေလာက္တြင္ ေရွ႕ကသြားတဲ့ သားျဖစ္သူ မိုင္းနင္းမိ၍ ေအာက္ပိုင္းထိမွန္သျဖင့္ က်န္လမ္းခရီးတစ္ဝက္ကို မိခင္ျဖစ္သူမွ ထမ္းေခၚခဲ့ၿပီး နီးစပ္ရာတပ္စခန္းတြင္ ျပသရာ ယာေျခဘက္ျဖတ္လိုက္ရကာ တစ္ဆက္တည္းမွာပဲ ပလက္ဝၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ စက္ေလွျဖင့္ ဆင္းလာၿပီး ည(၁၀)နာရီဝန္းက်င္တြင္ ေရာက္ရွိခဲ့ပါတယ္။

မုိင္းထိလူနာအား ရခိုင္ျပည္နယ္ စစ္ေတြျပည္သူ႔ေဆး႐ုံႀကီးတြင္ ကုသမႈခံယူရန္ ၫႊန္းဆိုထားသျဖင့္ ေမ (၂၉)ရက္ေန႔ (၈:၃၀)နာရီဝန္းက်င္တြင္ ပလက္ဝၿမိဳ႕မွထြက္ခြါကာ စစ္ေတြၿမိဳ႕သို႔ ညေန(၅)နာရီဝန္းက်င္ ေရာက္ရွိခဲ့ေၾကာင္း ေျပာပါတယ္။

အဆိုပါ မိုင္းထိမွန္ခံရသူ ဆလိုင္းေအာင္ေအာင္ဦး အသက္(၂၀)သည္ ဖခင္ျဖစ္သူကြယ္လြန္ၿပီးမိခင္ျဖစ္သူ ေဒၚကိုးလုံးႏွင့္အတူ သားမိႏွစ္ေယာက္ ဘဝကိုခက္ခက္ခဲခဲ႐ုန္းကန္ခဲ့ရၿပီး ယခုေဆးဝါးကုသႏိုင္ရန္ ေငြေၾကးမ်ားစြာ အခက္အခဲရွိေနေၾကာင္း သိရွိရပါတယ္။ ဆက္သြယ္လႉဒါန္းကူညီေပးလိုလွ်င္- 09881925002

ယခုလိုျဖစ္စဥ္မ်ိဳး ပလက္ဝၿမိဳ႕နယ္တြင္းတြင္ ၂၀၁၅ခုႏွစ္ ေနာက္ပိုင္းမွစၿပီး ရခိုင့္တပ္ေတာ္(AA)ႏွင့္ ျမန္မာ့တပ္မေတာ္ မၾကာခဏဆိုသလို တိုက္ပြဲမ်ားေၾကာင့္ ေဒသခံျပည္သူမ်ားအေနနဲ႔ မႈိင္းထိေသဆုံး/ဒဏ္ရာရရွိသူမ်ားရွိခဲ့ရ ၿပီး စစ္ေဘးေရွာင္ဒုကၡသည္ဘဝျဖင့္ ပလက္ဝၿမိဳ႕ႏွင့္ဆမီးၿမိဳ႕မ်ားတြင္ ယေန႔အထိ ေနရပ္မျပန္ႏိုင္ေသးပဲ တိမ္းေရွာင္ေနေနရသူ လူဦးေရ(၁)ေသာင္းဝန္းက်င္ ရွိေနေသးေၾကာင္း သိရွိရပါတယ္။

ထို႔အတူ ၂၀၂၁ခုႏွစ္-ေဖေဖၚဝါရီ(၁)ရက္ အာဏာသိမ္းၿပီးေနာက္ပိုင္း ပလက္ဝၿမိဳ႕နယ္အတြင္းမွာ ခ်င္းနယ္ေျမခံကာကြယ္ေရးတပ္ဖြဲ႕ CDF-Paletwa/ Mara/ Daii စသည့္လက္နက္ကိုင္အဖြဲ႕မ်ား ေပၚေပါက္လာခဲ့ၿပီး အာဏာသိမ္း စစ္ေကာင္စီတပ္ႏွင့္ ေဒသကာကြယ္ေရးတပ္ဖြဲ႕တို႔ တိုက္ပြဲမ်ားရွိလာကာ ေဒသခံျပည္သူ မ်ားတစ္ခ်ိဳ႕ အိႏႎၵယႏိုင္ငံဘက္သို႔ လူဦးေရ(၁)ေထာင္ေက်ာ္ စစ္ေဘးတိမ္ေရွာင္ေန ေနရေၾကာင္း သိရွိရပါတယ္။

နောက်ဆုံးရသတင်းများ

ဆော – ကျောက်ထု လမ်းပိုင်းအား မနက်ဖြန်ကစ ဖြတ်သန်းသွားလာခွင့်ပြုမယ်

၁၀၊ မေလ၊ ၂၀၂၄။ Zalen မကွေးတိုင်း၊ ဆော-ကျောက်ထု ကားလမ်းပိုင်းကို ၅ရက်ကြာပိတ်ပြီးနောက် မနက်ဖြန် မေလ ၂၁ ရက်ကစပြီး သွားလာခွင့်ပြုမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထုတ်ပြန်ထားပါတယ်။ ခရီးသွားပြည်သူများ အနေဖြင့် ဆော – ကျောက်ထု ...

ဆက်ဖတ်ရန်