လောင်စာဆီဈေးနှုန်း မြှင့်တက်မှုကြောင့် ပြည်တွင်းလေယာဉ် လက်မှတ်တွေ စျေးနှုန်းမြှင့်တက်

၈ ဒီဇင်ဘာ ၂၀၂၃

Zalen

မြန်မာပြည်တွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက လောင်စာဆီဈေးနှုန်တွေ မြင့်တက်လာတာကြောင့် မြန်မာပြည်တွင်းထဲ ပြေးဆွဲနေတဲ့ လေယာဥ်လက်မှတ်ဈေးတွေ အရင်ကထက် ပိုမိုမြင့်တက်သွားကြောင်း သိရပါတယ်။

ယခင်လေယာဥ်လက်မှတ်ဈေးမတက်ခင် ကလေးမြို့မှ ရန်ကုန်မြို့သို့ လေယာဥ်စီးခ နှစ်သိန်းခုနှစ်သောင်းဖြစ်ပြီး လက်ရှိမှာ ၃သိန်းခွဲလောက်ရှိကာ ၈ သောင်းလောက်ထိ ဈေးတက်သွားခဲ့ကြောင်းသိရပါတယ်။

Zalen ad

“ကလေး-ရန်ကုန် လေယာဥ်လက်မှတ်ကတော့ ၂၀၂၄ ဖေဖော်ဝါရီလအထိပြည့်နေတယ်။ အရင်က ကလေးကနေရန်ကုန်အထိဆို ၂၄၀၀၀၀ လောက်ဘဲ ပြီးတော့ ၂၇၀၀၀၀ လောက် ပြန်ဖြစ်သွားတယ်။ အခုတော့ ၃သိန်းခွဲလောက်ရှိ သွားပြီ။ လောင်ဆာဆီဈေးတက်လို့ လေယာဥ်လက်မှတ်တွေပါစျေးတက်သွားတယ်။ လေယာဥ်လက်မှတ်ကတော့ မြန်မာပြည် တစ်ပြည်လုံးမှာစျေးတက်တာ လေယာဥ်လက်မှတ်ကတော့ လောလောဆယ်ရဖို့မလွယ်ဘူး။ နာမည်ပြောင်းလုပ်မယ်ဆိုရင် နာမည်ပြောင်းခ ၃သောင်းခွဲပေးရတာ လေယာဥ်လက်မှတ်ဈေးတက်တာက ဓာတ်ဆီဈေးတွေတက်နေလို့ပါ။ ရန်ကုန်မြို့ထဲမှာဆို ဓာတ်ဆီဝယ်ဖို့ တန်းစီပြီးစောင့်နေရတယ်။ တစ်ချို့တွေဆိုညအိပ်ပါစောင့်နေတာ”လို့ ရန်ကုန်မြို့က မြန်မာ့လေကြောင်းလိုင်းအသိုင်းဝိုင်းထံမှ သိရပါတယ်။

မြန်မာပြည်တွင်းထဲမှာ ပုံမှန်ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေဟာ စစ်ကောင်စီဘက်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ လေယာဥ်လက်မှတ်တွေ လျော့ကျသွားတာမျိုးမရှိဘဲ အရင်ထက်ပိုမိုပြီး မြင့်တက်နေကြောင်းသိရပါတယ်။

ကလေးမြို့မှာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ဓာတ်ဆီတစ်ဂါလံကို ၆၀၀၀၀ကျပ် လောက်အထိမြှင့်တက်သွားပြီး တခြားကုန်ဈေးနှုန်းများပါမြှင့်တက်သွားသည့်အပြင် လေယာဥ်လက်မှတ်တွေပါ မြှင့်တက်သွားခဲ့ကြောင်း သိရပါတယ်။

“အရေးပေါ်တစ်ခုခုရှိရင်ဘယ်လိုလုပ်မလဲမသိဘူး လေယာဥ်လက်မှတ်ကလည်းစျေးတက် အရေးအကြောင်းဆိုရင် လေယာဥ်လက်မှတ် ၂လလောက်ပြည့်နေပြီးပြီဆိုတော့ သေရုံဘဲရှိတော့တာပေါ့” လို့ ဒေသခံပြည်သူတစ်ဦးကလည်းညူးသွားခဲ့ပါတယ်။

လေယာဥ်လက်မှတ်စျေးနှုန်း မြှင့်တက်မှုဟာ မြန်မာတစ်ပြည်လုံးမှာဖြစ်ပြီး ကလေးမြို့မှာတော့ မြန်မာ့လေကြောင်းလိုင်းတစ်ခုသာ ပြေးဆွဲနေကြောင်းသိရပါတယ်။

DT

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်