သိုးသရေခြုံတဲ့ ဝံပုလွေတွေလို့ ချင်းပြည်နယ်အစိုးရကို ကန်ပက်လက်အမတ် ဝေဖန်

သိုးသရေခြုံတဲ့ ဝံပုလွေတွေလို့ ချင်းပြည်နယ်အစိုးရကို ကန်ပက်လက်အမတ် ဝေဖန်

ကန်ပက်လက် ပြည်နယ်အမတ် ဦးကွီးထန်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုနေစဉ်

မြို့နယ် အလိုက် ဘတ်ဂျက်ခွဲဝေမှု မညီမျှခြင်းကြောင့် ချင်းပြည်နယ် အစိုးရကို သိုးသရေခြုံတဲ့ ဝံပုလွေတွေလို့ ကန်ပက်လက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကွီးထန်းက ဝေဖန်လိုက်ပါတယ်။

(၁၉)ကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေး ပထမနေ့ (စက်တင်ဘာ ၂၅)ရက်တွင် ၂၀၁၉-၂၀၂၀ ပြည်နယ် န.တ.လ ထပ်တိုးဘတ်ဂျက်မေးခွန်းမေးမြန်းစဉ် အခုလို ဝေဖန်လိုက်တာပါ။

လွှတ်တော်အမတ် ဦးကွီးထန်က “ချင်းပြည်နယ် ဘတ်ဂျက်ခွဲဝေမှုမှာ မြို့နယ်အလိုက်မျှမျှတတဖြစ်ဖို့ ပြောတုန်းကတော့ အစိုးရက ဟုတ်ကဲ့လို့ပြောပါတယ်။ လက်တွေ့မှာတော့ သူတို့ လုပ်ချင်တဲ့အတိုင်း ဖြစ်ဖြစ်သွားတယ်လေ။ အပြောမှာတော့ အဆင်ပြေကြတယ်။ တကယ့်လက်တွေ့တွေ၊ စီမံကိန်းတွေလုပ်လာတဲ့ခါကျတော့ ဝန်ကြီးတွေ ရှိတဲ့ မဲဆန္ဒနယ်မှာ ဘတ်ဂျက်တွေ အသာစီးရနေတယ်။ တကယ်ဆို သူတို့ မိဘနေရာမှာနေပြီး ၉ မြို့နယ်လုံးမှာ ညီတူညီမျှဖြစ်အောင် မိဘနေရာမှာ စီမံခန့်ခွဲရမှာကိုး။ လမ်းဦးစီးဌာနက ဥပမာတစ်ခုထဲပြောတာ။ တခြားဌာနတွေလည်းအများကြီးပဲ။ မေးခွန်းမေးတဲ့ခါမှာ ပြောရင်းနဲ့ သခင်ယေရှုပြောတဲ့စကားနဲ့ပြောလိုက်တာပါ” လို့ပြောပါတယ်။

၂၀၁၉-၂၀၂၀ ပြည်နယ်ဘတ်ဂျက်ကို ၁၉ ကြိမ်မြောက်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုခဲ့ပြီး ယင်းဘတ်ဂျက်ထဲမှ လမ်းဦးစီးဌာန တစ်ခုထဲတွင် ဟားခါးမြို့နယ်မှာ သန်း ၉၀၀၀ ကျော်၊ ဖလမ်းမြို့နယ်တွင် သန်း ၇၀၀၀ ကျော်၊ ထန်တလန်မြို့နယ်တွင် သန်း ၅၀၀၀ ကျော်၊ မင်းတပ်ဆိုရင် ၂၀၀၀၊ ကန်ပက်လက်မြို့နယ်ဆိုရင် ၂၁၀၀ သာ ချပေးထားပါတယ်လို့ ဦးကွီးထန်းက ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

စစ်သင်တန်းတက်ရန် အရာတော်ကိုသွားတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စကစ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ခန့်သေဆုံး၊ ၅၀ နီးပါးအရှင်ဖမ်းမိ

၁၄၊ ဧပြီ၊၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊မုံရွာမြို့ကနေ စစ်ကောင်စီ စစ်မှုထမ်းရန် သင်တန်းတက်ဖို့ အရာတော်မြို့ကိုသွားတဲ့ စစ်ယာဉ် တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၁၂ ရက်နေ့မှာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး အပါအဝင် သင်တန်းသား ၂၀ ...

ဆက်ဖတ်ရန်