ပျဉ်းခုံကြီးရွာထဲဝင်လာပြီး နေအိမ်များကို စစ်ကောင်စီက စတင်မီးရှို့

၁၂၊ဧပြီ၊၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ကလေးမြို့မြောက်ပိုင်းမှာရှိတဲ့ ပျဉ်းခုံကြီးရွာကို စစ်ကောင်စီနဲ့အပေါင်းပါ ရှမ်းနီတပ် SNA (Shanni Nationalities Army)တို့ မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

ဧပြီလ ၁၂ရက် ယနေ့ မနက် ၄နာရီဝန်းကျင်မှာ မော်စီရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့များဟာ လက်နက်ကြီးတောက်လျှောက်ပစ်ကာ ပျဉ်းခုံကြီးရွာထဲ စစ်ကြောင်းထိုးလာခဲ့ပြီး

Zalen ad

ယနေ့ ညနေ ၃:၄၀မိနစ်တွင် စစ်ကောင်စီက ပျဉ်းခုံကြီးရွာရှိ နေအိမ်များကို စစ်ကောင်စီက စတင်မီးရှို့ဖျက်စီးနေတာဖြစ်ပါတယ်။

“မနက် ၄နာရီလောက်ကတည်းက သေနတ်သံတွေရော လက်နက်ကြီးသံတွေရော ဆူညံနေတာ။ စက္ကန့်ရွာကနေ ကားပေါ်မှာအတွဲလိုက်တင်နိုင်တဲ့ လက်နက်ကြီးနဲ့လည်း လှမ်းပစ်တယ်။

ပြီးတော့ ပျဉ်းခုံကြီးရွာထဲကို စစ်ကြောင်းဝင်လာတာ။အခု ညနေ ၃:၄၀မိနစ်မှာ မီးစရှို့တာပါ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပျဉ်းခုံကြီးရွာဟာ အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိပြီး ယခုချိန်ထိ ခန့်မှန်းခြေ အိမ် ၄ လုံးခန့် မီးလောင်နေပြီး စစ်ကောင်စီက ပျဉ်းခုံကြီးရွာထဲကနေ သေနတ်တွေပစ်ဖောက်နေတယ်လို့လည်း သိရပါတယ်။

HAK

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့တွင် လျှပ်စစ်မီးမရရှိသေးတာကြောင့် အင်တာနက်အသုံးပြုရန် အခက်အခဲရှိနေဆဲ

ဇူလိုင် ၈၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ လျှပ်စစ်မီးမရရှိသေးတာကြောင့် အင်တာနက်လိုင်းအသုံးပြုဖို့ အခက်အခဲတွေ ရှိနေပြီး WiFi တပ်ဆင်အသုံးပြုနိုင်တဲ့ နေရာဟာလည်း နည်းပါးနေတယ်လို့ ဒေသခံတွေဆီကသိရှိရပါတယ်။ လက်ရှိအချိန်မှာ နေအိမ်တွေမှာ WiFi တပ်ဆင်အသုံးပြုရန် အခက်အခဲရှိတာကြောင့် ...

ဆက်ဖတ်ရန်