မင်းတပ်မြို့နယ်တွင် တိုက်ပွဲမရှိဘဲစစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်

၂၀ ၊ ဩဂုတ် ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်အတွင်း ဒီနေ့မနက် ၂နာရီ၀န်းကျင်အချိန်တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။

မင်းတပ်မြို့နယ် အနောက်ခြမ်း မတူပီ-မင်းတပ်လမ်းမ ၂၂မိုင် ၊ ဒေါက်ဒွေကျေးရွာ တွေကိုစစ်ကောင် စီက ပေါင် ၅၀၀ အားဗုံးနှစ်လုံး စီကြဲချခဲ့တာလို့သိရပါတယ်။

Zalen ad

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးမှုကိုမသိရသေးပေမယ့် ဒေါက်ဒွေကျေးရွာမှာတော့ မူလတန်းစာသင်ကျောင်းဆောင် တစ် လုံး၊KG-စာသင်ဆောင်တစ်လုံး၊မေးခွန်းတိုက်အ ဆောင် တစ်လုံး၊ဘော်ဒါဆောင် သုံးလုံးနဲအိမ်သာများပျက်စီးကြောင်းသိရတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့ဒေသခံတစ်ဦးက ” မနက် အစောကြီးလာပစ်တာ၊ ၂၂ မိုင်ဖက်မှာတော့ အထိ အခိုက်မကြားသေးဘူး၊ ဒေါက်ဒွေရွာမှာတော့ စာသင်ဆောင်၊ဘော်ဒါဆောင်၊မေးခွန်းတိုက်အဆောင်၊အိမ်သာစတာတွေအကုန်ပျက်စီးတယ်၊လူတော့အထိ အခိုက်မရှိလို့ တော်သေးတယ်ဗျ”လို့ Zalen ကိုပြောပါတယ်။

ဩဂုတ်လ ၁၈ ရက်မနက် အစောပိုင်း ၃ နာရီ၀န်းကျင်မှာ မင်းတပ်မြို့နယ်၊ဖွီကျေးရွာကို စစ်ကောင်စီ ၏လေကြေဲာင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း၊၀ဉခင်းများပျက်စီးခဲ့တယ်လို့သိရပါတယ်။

ယောနေ

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့တွင် လျှပ်စစ်မီးမရရှိသေးတာကြောင့် အင်တာနက်အသုံးပြုရန် အခက်အခဲရှိနေဆဲ

ဇူလိုင် ၈၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ လျှပ်စစ်မီးမရရှိသေးတာကြောင့် အင်တာနက်လိုင်းအသုံးပြုဖို့ အခက်အခဲတွေ ရှိနေပြီး WiFi တပ်ဆင်အသုံးပြုနိုင်တဲ့ နေရာဟာလည်း နည်းပါးနေတယ်လို့ ဒေသခံတွေဆီကသိရှိရပါတယ်။ လက်ရှိအချိန်မှာ နေအိမ်တွေမှာ WiFi တပ်ဆင်အသုံးပြုရန် အခက်အခဲရှိတာကြောင့် ...

ဆက်ဖတ်ရန်