မင်းတပ်မြို့နယ်မှာ ၂၀၂၃အတွင်း တိုက်ပွဲ၃၂ကြိမ်ဖြစ်ပွါးပြီးစစ်ကောင်စီတပ်သား ၇၂ဦးသေဆုံး

၅၊ဒီဇင်ဘာ၊၂၀၂၃

Zalen

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်အတွင်းမှာ  ချင်းကာကွယ်ရေးတပ်(မင်းတပ်)CDF-Mindatနဲ့ စစ်ကောင်စီတို့ ၂၀၂၃ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း တိုက်ပွဲ ၃၂ကြိမ်ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်သား ၇၂ဦးသေဆုံးကာ ၄၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ယမန်နေ့ ဒီဇင်ဘာ ၄ရက်နေ့မှာ CDF-Mindatက ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲများအတွင်း CDF-Mindat တပ်ဖွဲ့ဝင် ၂ဦးကျဆုံးခဲ့ပြီး၊ ၁၀ဦးထိခိုက်ဒဏ်ရာရ ခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။

Zalen ad

၂၀၂၃ခုနှစ်အတွင်း မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၆၇ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၆ ဦးသေဆုံးကာ ပြည်သူ ၁၅ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး၊

လူနေအိမ် ၄၉လုံး၊ဘုန်းကြီးကျောင်း ၄ကျောင်း၊ခရစ်ယာန်ဘုရားကျောင်း ၄ကျောင်း၊စာသင်ကျောင်း ၄ကျောင်း၊ကား ၁စီး၊ဆိုင်ကယ် ၇စီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။

၂၀၂၃ခုနှစ်အတွင်း မင်းတပ်မြို့နယ် ကျေးရွာများဘက်ကို စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု အကြိမ်ရေများစွာပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၃ဦး၊ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ဦးကျဆုံးခဲ့ပြီး၊ အရပ်သားပြည်သူ ၃၀ဦး၊ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုနဲ့ မီးရှို့ဖျက်ဆီးမှုများကြောင့် ပြည်သူနေအိမ် ၅၄လုံး၊ကျေးရွာဆေးခန်း ၁လုံး၊စာသင်ကျောင်း ၂ကျောင်း၊ခရစ်ယာန်ဘုရားကျောင်း ၁ကျောင်း၊ကား ၁စီး၊ဆိုင်ကယ် ၁၀စီး ပျက်စီးခဲ့တယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။

ယမန်နေ့ ဒီဇင်ဘာ ၄ရက်နေ့မှာပဲ မင်းတပ်မြို့ပေါ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီများကိုCDF-Mindat ကွန်မန်ဒိုအဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

သတင်း-HAK

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့တွင် လျှပ်စစ်မီးမရရှိသေးတာကြောင့် အင်တာနက်အသုံးပြုရန် အခက်အခဲရှိနေဆဲ

ဇူလိုင် ၈၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ လျှပ်စစ်မီးမရရှိသေးတာကြောင့် အင်တာနက်လိုင်းအသုံးပြုဖို့ အခက်အခဲတွေ ရှိနေပြီး WiFi တပ်ဆင်အသုံးပြုနိုင်တဲ့ နေရာဟာလည်း နည်းပါးနေတယ်လို့ ဒေသခံတွေဆီကသိရှိရပါတယ်။ လက်ရှိအချိန်မှာ နေအိမ်တွေမှာ WiFi တပ်ဆင်အသုံးပြုရန် အခက်အခဲရှိတာကြောင့် ...

ဆက်ဖတ်ရန်