မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံး၊ဒဏ်ရာရရှိသူများရှိ

၂၁ ၊မေ ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊၊ မင်းတပ်မြို့နယ် ၊တိုက်နယ်အမှတ်(၂)၊ ချပ်ကျေးရွာတွင် မေလ (၂၀)ရက်ည ၁၁နာရီ ၂၂မိနစ်ခန့်တွင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁ဉီးကျဆုံး၊၇ ဉီးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

မနေ့နေ့လည်ပိုင်းမှာစစ်ကောင်စီရဲ့ကင်းထောက်လေယာဉ် Y-12ဟာယော၊ချင်း(မင်းတပ်)ဘက်တွေမှာပျံသန်းနေတာလို့သိရှိရပါတယ်။ စစ်ကောင်စီရဲ့ကင်းထောက်ယာဉ်တွေပျံဝဲလာရင်လေကြောင်းတိုက်ခိုက်မှုတွေရှိနေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူတစ်ဉီးက ယခုလိုပြောပါတယ်။

Zalen ad

“မင်းတပ်ဘက်မှာဆို ကင်းထောက်လေယာဉ်တွေလာရင် လေကြောင်းတိုက်ခိုက်မှုက ပုံမှန်ရှိတယ်။တခါတလေ ကင်းထောက်တွေကနေ ကြဲတာ၊ မနေ့ကလည်းကင်းထောက်က နေ့လည်လောက်က လာသေးတယ်၊ အခုလာကြဲတာက ည၁၁နာရီကျော်မှာ၊အဲဒီအချိန်က ဖုန်းလိုင်းအကုန်ပြတ်ပြီဗျ၊ ၊သတင်းရတာက ၁ ဉီးကျတယ်၊ ၇ ဉီးဒဏ်ရာရတယ်ကြားတယ်”လို့ ဒေသခံတစ်ဦးက Zalen ကိုပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် မေလအတွင်းမင်းတပ်မြို့နယ်တွင် အရပ်သားပြညသူကျဆုံးသူ ၅ဉီးထက်မနည်းရှိနေပြီး၊ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိတယ်လို့သိရတယ်။

မိုးပီအောင်

နောက်ဆုံးရသတင်းများ

အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်ပြတိုက်နဲ့ ဝန်ကြီးများရုံးသွားရင် ဖုန်းနဲ့ ဘောပင်အပါအဝင် ပစ္စည်း ၁၀ မျိုး ယူဆောင်ခွင့်မပြု

ဇူလိုင် ၉၊ ၂၀၂၆Zalen လာမယ့် ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်မယ့် အာဇာနည်နေ့အခမ်းအနားအတွက် ရန်ကုန်မြို့က အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နဲ့ ဝန်ကြီးများရုံးတို့ဆီ လာရောက်ကြမယ့် ပြည်သူတွေကို ဖုန်းအပါအဝင် ကန့်သတ်ပစ္စည်း ၁၀ မျိုး ယူဆောင်ခွင့်ပြုမှာ ...

ဆက်ဖတ်ရန်