မဏီပူရ်က မြန်မာဒုက္ခသည်တွေကို ပြန်ပို့‌ပေမယ့် စစ်ကောင်စီလက်မခံလို့ ရပ်ဆိုင်းထားရ

၁၄၊ မတ်၊ ၂၀၂၄

Zalen

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ဖမ်းဆီးခံခဲ့ရပြီး ပြစ်ဒဏ် ကျခံပြီးသား မြန်မာနိုင်ငံသား ၇၇ဦး ကို မြန်မာဘက်ပြန်ပို့ဖို့ အာဏာပိုင်တွေက စီစဉ်ခဲ့ပေမယ့် စစ်ကောင်စီက လက်ခံကြိုဆိုတာမရှိလို့ အကျဉ်းထောင်တွေထဲ ပြန်နေရမယ့် အခြေနေ ဖြစ်နေပါတယ်။

မတ်လ ၈ရက်နေ့က အင်ဖာအကျဉ်းထောင်ကနေ မိုးရေးမြို့ကို အဲဒီမြန်မာနိုင်ငံသားတွေကို ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်လာတာဖြစ်ပြီး အဲဒီကတဆင့် တမူးမြို့ကနေ နေရပ်ပြန်ဖို့ စီစဉ်ထားတာပါ။

” ကျွန်မရဲ့အစ်မနဲ့ ဖုန်းပြောရတယ်။ သူတို့ပြန်လွှတ်တော့မယ်ထင်တာ၊ မြန်မာဘက်က လာမခေါ်လို့ ထောင်ထဲပြန်ရမယ်လို့ အဲဒီကတာ၀န်ရှိသူတွေက ပြောတယ်တဲ့။ ပြီးတော့ အခု မိုးရေးက စစ်တပ်ထဲမှာ မြန်မာ ၃၈ ယောက်ကို အဲဒီမှာခေါ်ထားတယ်ပေါ့၊ ပြီးရင် ထောင်ထဲပြန်၀င်ရမယ့်အခြေနေ‌ပေါ့။ ” လို့ မိသားစု၀င်တစ်ဦးက ပြောပါတယ်။

မဏိပူရ်အကျဉ်းထောင်တွေထဲမှာ ကလေးငယ် အပါအ၀င် လူ၀င်မှုကြကြပ်ရေးဥပဒေနဲ့ အဖမ်းခံထားရတဲ့ မြန်မာ ၁၅၀ ကျော် ရှိနေပါတယ်။

” သူတို့က သီးသန့်ညှိနှိုင်းတာမရှိဘူး။ အဲဒီ ပြန်လွှတ်မယ့်အထဲမှာ ယက်ကန်း‌ယှက်တဲ့ အလုပ်သမား အမျိုးသမီးတွေများတယ်၊ ကလေးတွေလည်းပါတယ်။ တမူး လ.၀.က ကလာမကြိုတာလို့ကြားတယ်။ ” လို့ မိုးရေးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

India For Myanmar အပါအ၀င် အရပ်ဖက်အဖွဲ့အစည်းတွေကတော့ မြန်မာဒုက္ခသည်တွေကို စစ်ကောင်စီထံ မလွှဲပေးပဲ ပိုလုံခြုံစိတ်ချရတဲ့နည်းလမ်းနဲ့ ပြန်ပို့ပေးဖို့ တောင်းဆိုနေကြပါတယ်။

မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံအတွင်းကို ထွက်ပြေး ဝင်ရောက်လာသူတွေကို အိန္ဒိယတာဝန်ရှိသူတွေ အတင်းအကျပ် နေရပ်ပြန်ပို့ဖို့ ကြိုးစားတာဟာ တာဝန်မဲ့တဲ့ လုပ်ရပ် ဖြစ်တဲ့အကြောင်းနဲ့ ပြန်ပို့တာတွေ ချက်ချင်းရပ်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ Fortify Rights အဖွဲ့က တောင်းဆိုထားပါတယ်။

နွေဦးချယ်ရီ

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်