မရာလက်နက်ကိုင်တပ်ဖွဲ့ဖြင့်တဲ့ MDF နဲ့ CDF-Mara တို့ တွေ့ဆုံဆွေးနွေးမယ်

၁၄၊ မတ် ၊ ၂၀၂၄

Zalen

မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့( MDF) နဲ့ CDF-Mara တို့ဟာ မရာနယ်ရှိ ဘာသာရေးခေါင်းဆောင်များ၊ မရာလူငယ်အဖွဲ့အစည်းအသီးသီးများနဲ့ မရာနယ် ရပ်မိရပ်ဖများရဲ့ အကြိမ်ကြိမ်သဘောထားဆွေးနွေးမှုရလဒ်ဖြင့် မကြာမီတွေ့ဆုံ ဆွေးနွေးသွားကြမယ်လို့သိရပါတယ်။

MDF နဲ့ CDF-Mara တို့ ၂ ဖွဲ့ ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ရေးတွင် အခြားတော်လှန်ရေးအဖွဲ့အစည်းများနဲ့အတူ တော်လှန်ခဲ့ကြပြီး အချင်းချင်းကြားမလိုလားအပ်တဲ့ပြဿနာတစ်ချို့ကြောင့် ၂ ဖွဲ့အကြား စစ်ရေးတင်းမာလာကာ အသက်ပေးဆပ်ရတဲ့အထိ စစ်ရေးတင်းမာလာတာတွေရှိခဲ့ပါတယ်။

မရာမျိုးနွယ်စု အချင်းချင်းအကြား မလိုလားတဲ့ပြဿနာကိုဖြေရှင်းဖို့ရန်အတွက် ဘာသာရေးခေါင်းဆောင်များ၊ လူငယ်အဖွဲ့အစည်း၊ ရပ်မိရပ်ဖများက ငြိမ်းချမ်းရေးကော်မတီတရပ် ဖွဲ့စည်းခဲ့ကြ ကာ ယခုလိုတွေ့ဆုံဆွေးနွေးတဲ့အခြေအနေထိဖြစ်လာခဲ့ပါတယ်။

“အရင်ကလည်း တွေဆုံဆွေးနွေးဖို့ အမြဲကြိုဆိုခဲ့ပါတယ်။ အရင်ကလည်းအနောက်မရာလူငယ်တွေနဲ့ သုံးလေး ကြိမ်လောက်ဆွေးနွေးကြဖို့လုပ်ပေးကြတာပေါ့”လို့ MDF ကာကွယ်ရေးမှ ဆလိုင်း ဒူဝန်က ပြောပါတယ်။

မရာမျိုးနွယ်စု လက်နက်ကိုင်နှစ်ဖွဲ့အကြား စစ်ရေးဖြင့် ဖြေရှင်းတဲ့ပြဿနာကို အမြန်ဆုံး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်းသွားကြရန် MDF ဘက်ကော CDF-Mara ကပါ လိုလားနေကြတယ်လို့သိရပါတယ်။

” ကျွန်တော် တို့ အမျိုးတွေအကြားမှာ မလိုလားတဲ့ကိစ္စကြောင့်ပြဿနာကကြီးသထက်ကြီးလာပြီးတော့လက်နက်နဲ့ဖြေရှင်းမိကြတယ်။ အခုလိုဘာသာရေးခေါင်းဆောင်များနဲ့အခြားအဖွဲ့အစည်းအသီးသီးရဲ့ကျေးဇူးကြောင့်ကျွန်တော်တို့ MDFနဲ့ဆွေးနွေးကြမယ်။ ကျွန်တော်တို့ကလည်းငြိမ်းချမ်းပြီးတော့ ၂ ဖွဲ့စလုံး စကစကိုသာဦးတည်ပြီးတိုက်ခိုက်သွားချင်တယ်။ အခုလိုဆွေးနွေးပေးဖို့ကအမြဲကြိုဆိုနေပါတယ်”လို့ CDF-Mara ဆလိုင်းဂျိမ်းကပြောပါတယ်။

သတင်း ‌- သမိုင်းသစ်

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်