မီဇိုရမ်က စစ်ဘေးရှောင်ကလေးများကို စာသင်ပေးတဲ့ CDM ကျောင်းဆရာတစ်ဦး ဟားခါးမှာဖမ်းဆီးခံရ

၁၆၊ ဖေဖော်ဝါရီလ ၊၂၀၂၄

Zalen

ချင်းပြည်နယ်ကနေ မီဇိုရမ်ဘက်ကို စစ်ဘေးရှောင်ကြတဲ့ ကလေးသူငယ်များကို စာသင်ကြားပေးတဲ့ ချင်းပြည် နယ် မတူပီဒေသခံ CDM ကျောင်းဆရာတစ်ဦးကို ဖေဖော်ဝါရီ ၁၂ရက်နေ့ ဟားခါးမြို့မှာ စစ်ကောင်စီ ရဲ့မတရား ဖမ်းဆီး ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံ သူက မတူပီဒေသခံ ဦး Benjamin Saan အသက် ၃၇ နှစ် ဖြစ်ပြီး သူက ကလေးသုံးယောက်ရဲ့ဖခင် ဖြစ်ပါတယ်။ကျန်းမာရေးကိစ္စကြောင့် ရန်ကုန်သွားပြီး အပြန်လမ်း ဟားခါးအရောက်မှာ ဖမ်းဆီးခြင်းခံခဲ့ရ တာဖြစ်ပါတယ်။

“သူ့ရဲ့ ယောက္ခထီးနေမကောင်းလို့ ဖေဖော်ဝါရီ လဆန်းပိုင်းမှာ ရန်ကုန်ကို သွားပြတာ၊သူပြန်လာပြီး ဟားခါး အရောက် ဖေဖော်ဝါရီလ ၁၂ ရက်လောက်မှာ စစ်ကောင်စီဖမ်းသွားတာ။သူအဖမ်းခံတာ ဘာကြောင့်လည်းဆို တာ အတိအကျ မသိနိုင်ဘူး၊ သူ့ဖေ့စ်ဘုတ်ပရိုဖိုင်မှာ NLD အလံ ပုံတင်ထားတော့ ဒါကြောင့်များဖြစ်မလား၊ ဒါမှမဟုတ် NUG ဖွင့်တဲ့ကျောင်းတွေမှာ သူက စာသင်တာဆိုတော့ ဓါတ်ပုံတွေ့သူ့ဖုန်းမှာ ရှိတာဖြစ်နိုင်တယ်” လို့၎င်းနဲ့ နီးစပ်သူတစ်ဦး က ပြောပါတယ်။

ဦး Benjamin Saan က မီဇိုရမ်ပြည်နယ်၊ ရှာဟာ ခရိုင် နီအောတလန် (Niawtlang) ရွာမှာ စစ်ဘေးရှောင် က လေး များကို စာသင်ပေးသူဖြစ်ပြီး အနေအေးပြီး စေတနာ ကောင်းသူဖြစ်ကာ ယခုလိုဖမ်းဆီးခံ ရတာကြောင့် စစ်ကောင်စီက ၎င်းတို့ပြဌာန်းလိုက်တဲ့အတိုင်း စစ်မှုထမ်းခိုင်းမှာကို မိသားစုဝင်များ စိတ်ပူနေရ တယ်လို့သိရ ပါတယ်။

“သူက အနေအေးတဲ့သူပေါ့နော်၊ သူအဖမ်းခံပြီးနောက် ဘာသတင်းမှ မကြားနိုင်တော့ဘူး၊ ရွာတွေဘက်ကနေ တစ်ဆင့်သတင်းတွေကြားတာတော့ သူ့မိသားစုတွေအရမ်းစိတ်ပူနေကြတယ်။ သူ့ကိုစစ်မှုထမ်းခိုင်းမှာကိုပေါ့။ ပြီးတော့ သူ့လိုမျိုး နောက်ထပ်ဘယ်သူမှ မကြုံရတော့အောင် ဘယ်သူဘဲဖြစ်ဖြစ် ဟားခါး ဒါမှမဟုတ် မြို့ပြ ဘက် သွားမယ်ဆို မလိုအပ်တဲ့ ဓါတ်ပုံတွေရှိ၊ မရှိ ကိုယ့်ဖုန်းကို သေချာပြန်စစ်စေချင်တယ်။ စစ်ကောင်စီက သူတို့လူစုနိုင်ဖို့ ဘာမဟုတ်တာလေး တွေ့ရင်တောင် အဖမ်းခံနိုင်တယ်” လို့ သူက ဆက်ပြော ပါတယ်။

စစ်ကောင်စီက အသက်ပြည့်သူတိုင်း မဖြစ်မနေစစ်မှုထမ်းရမယ် ဆိုတဲ့ ဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွင်းပြီးနောက် ဟားခါးမြို့မှာလည်း အခုရက်ပိုင်း ဖမ်းဆီးတာတွေရှိလာပြီး စစ်ဆေးမှုတွေလည်း ပိုတင်းကျပ်လာတယ်လို့ ဟားခါးဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်