မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ်သစ် ပူးလာလ်ဒုအောမ်မာ (Pu Lalduhoma) နဲ့ ၀န်ကြီးအဖွဲ့များ ယနေ့ ကျမ်းသစ္စာကျိန်ဆို

၈၊ ဒီဇင်ဘာ ၊၂၀၂၃

Zalen

မီဇိုရမ်ပြည်နယ် အထွေထွေရွေးကောက်ပွဲတွင်အပြတ်သက် အနိုင်ရရှိကာ အစိုးရဖွဲ့နိုင်ခဲ့သော Zoram People’s Movement (ZPM)ပါတီဥက္ကဌ ပူးလာလ်ဒုအောမ်မာကို မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်သစ် အဖြစ် အတည်ပြု ကာ၎င်းနဲ့အတူ ဝန်ကြီးများက ဒီကနေ့ဒီဇင်ဘာလ ၈ ရက်နေ့နံနက် ၁၁ နာရီတွင် ကျမ်း သစ္စာကျိန်ဆိုခဲ့ ကြတယ်လို့ သိရပါတယ်။

ဒီကနေ့တွင် ဝန်ကြီးချုပ်အသစ်ဖြစ်တဲ့ ပူးလာလ်ဒုအောမ်မာ အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီး၇ ဦး၊ပြည်နယ် ဝန်ကြီး ၄ ဦး နဲ့ လွှတ်တော်ဥက္ကဌ ၁ ဦး တို့ဟာ မီဇိုရမ်ပြည်နယ် မြို့တော်အိုင်ဇောလ်မြို့ အုပ်ချုပ်ရေးမှူး အိမ်ယာတွင်ကျမ်း သစ္စာကျိန်ဆိုခဲ့ကြတာဖြစ်ပါတယ်။

Zalen ad
မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း နှစ်ဦး

ဒီကနေ့ကျမ်းသစ္စာကျိန်ဆိုသူများမှာ ဝန်ကြီးချုပ်အဖြစ် ပူးလာလ်ဒုအောမ်မာ (Pu Lalduhoma)၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ အဖြစ် Pu K. Sapdanga, Pu Vanlalthlana, Pu C. Lalsawivunga , Pu Lalthansanga , Dr. Vanlalthlana , Pu PC Vanlalruata, Pi Lalrinpuii တို့ဖြစ်ကြပါတယ်။ ပြည်နယ်ဝန်ကြီး များအဖြစ် F. Rodingliana, B. Lalchhanzova , Prof. Lalnilawma, Lalnghinglova Hmar (Tetea)နဲ့ လွှတ်တော် ဥက္ကဌအဖြစ် Pu Lalfamkima တို့ဖြစ်ကြပါတယ်။

ဒီကနေ့ အစိုးရအသစ်ကျမ်းသစ္စာဆိုပွဲတွင် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ Mizo National Front (MNF) ပါတီမှ ဥက္ကဌ ပူး ဇိုရမ်ထန်းငါ (Pu Zoramthanga) နဲ့ India National Congress(INC) ပါတီ မှ ပူးလာလ်ထန်ဟောလ်လာ (Pu Lalthanhawla) တို့နှစ်ဦးလည်း တက်ရောက်ခဲ့ကြ တယ်လို့သိရပါတယ်။

Grace

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့တွင် လျှပ်စစ်မီးမရရှိသေးတာကြောင့် အင်တာနက်အသုံးပြုရန် အခက်အခဲရှိနေဆဲ

ဇူလိုင် ၈၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ လျှပ်စစ်မီးမရရှိသေးတာကြောင့် အင်တာနက်လိုင်းအသုံးပြုဖို့ အခက်အခဲတွေ ရှိနေပြီး WiFi တပ်ဆင်အသုံးပြုနိုင်တဲ့ နေရာဟာလည်း နည်းပါးနေတယ်လို့ ဒေသခံတွေဆီကသိရှိရပါတယ်။ လက်ရှိအချိန်မှာ နေအိမ်တွေမှာ WiFi တပ်ဆင်အသုံးပြုရန် အခက်အခဲရှိတာကြောင့် ...

ဆက်ဖတ်ရန်