မီဇိုရမ်ရှိ CYLA ခေါင်းဆောင်များနဲ့ CNF/A တို့တွေ့ဆုံ ၊နှစ်ဖက်ပူးပေါင်းလုပ်ဆောင်မယ့် အရာများဆွေးနွေး

၁၂၊ ဖေဖော်ဝါရီလ ၊ ၂၀၂၄

Zalen

ချင်းစစ်ဘေးရှောင် အများအပြားခိုလှုံနေတဲ့ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် က ဗဟိုလိုင်လူငယ်အဖွဲ့ အစည်း ( Central Young Lai Association – CYLA) နဲ့ ချင်းအမျိုးသားတပ်ဦး CNF/A တို့ ဗစ်တိုးရီးယား ဌာနချုပ်မှာ တွေ့ဆုံခဲ့ကြပြီး နှစ်ဖက်ပူးပေါင်းလုပ်ဆောင်ရမယ့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြတယ်လို့သိရပါ တယ်။

CYLA ခေါင်းဆောင်များက ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ဗစ်တိုးရီးယား ဌာနချုပ်ကိုရောက်ရှိခဲ့ကြပြီး နောက်တစ်နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ အစည်းအဝေးပြုလုပ်ခဲ့ကြတာဖြစ်တယ်။ နှစ်ဖက်တွေ့ဆုံမှုမှာ နယ်စပ်ကို ကျော် ပြီး မီဇိုရမ်ထဲမှာ မလိုလားအပ်တဲ့ ပြစ်မှုကျူးလွန်လျက်ရှိတာတွေကို အဆုံးသတ်နိုင်ဖို့ အတက်နိုင်ဆုံး လုပ်ဆောင်သွားကြရန် ဆွေးနွေးခဲ့ကြတယ်။

မြန်မာဘက်ခြမ်း Nukaitlang မှာရှိတဲ့ CNA စစ်ဆေးရေးဂိတ်မှာ မီဇိုရမ်ဘက်ကို အဝင်အထွက်လုပ်တဲ့ ဆိုင်ကယ် နဲ့ မော်တော်ကားများကို စာရင်းကောက်ပြီး စငါအို YLA ဘက်ကိုလည်း သတင်းပို့မယ်ဆိုရင် ပြစ်မှု ကျူးလွန်သူများကို ပိုမိုလွယ်ကူစွာ ဖမ်းဆီးနိုင်ဖို့ အထောက်အကူဖြစ်မယ်။ဒါ့အပြင် ချင်းပြည်နယ်ကနေ မီဇိုရမ် ဘက်ကို အစားအသောက်များ သယ်ယူတဲ့ကိစ္စ၊နယ်ခြားမြစ်က စက်လှေကိစ္စ တို့အပြင် မူးယစ်ဆေးဝါး တားဆီး ရေးကိစ္စ များလုပ်ဆောင်တဲ့အခါ နှစ်ဖက်ပူးပေါင်းပြီး လုပ်ဆောင် ကြဖို့ သဘောတူခဲ့ကြတယ်။

“ကျနော်တို့ဘက်က CYLA ဥက္ကဋ္ဌ အပါအဝင် စငါအို နဲ့ ဘွာလ်ပွီး တို့ကနေ YLA ခေါင်းဆောင်များ အားလုံးပေါင်း ၁၆ ဦးသွားရောက်ခဲ့ကြတယ်။ ဆန်အိတ်နဲ့ အစားအသောက်တစ်ချို့လည်း သယ်သွားတယ်။သူတို့ဘက်က ချင်းပြည်ကောင်စီ ဥက္ကဋ္ဌ အပါအဝင် CNA ခေါင်းဆောင်ပိုင်း များလည်းပါတယ်။ အရင်က တွေ့ဆုံဖို့လုပ်တာ နှစ်ခါတောင်ပျက်လို့ အခုမှတွေ့ဆုံနိုင်ခဲ့တယ်။ ဒီလို မျိုးတွေ့ ဆုံပြီး လုပ်ငန်းဆောင်ရွက်ဖို့များဆွေးနွေးတာက အကျိုးအများကြီးရှိမယ်လို့ မျှော်လင့်ပါတယ်” လို့ CYLA ဘက်က တာဝန်ရှိသူတစ်ဦးက Zalen ကိုပြောပါ တယ်။

ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ် ပစ်တိုးရီးယားစခန်းက မီဇိုရမ်ပြည်နယ် ကျန်ဖိုင်ခရိုင် ဖာရ်ကောန်ရွာ ကနေ ၁၀ ကီလိုမီတာခန့် အကွာ ထန်တလန်မြို့နယ် ဗန်ဇန်တောင်ကြော တီအိုချောင်းနားမှာ တည်ရှိတာ ဖြစ်ပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်