မူးယစ်ဆေးဝါးသယ်ဆောင်တဲ့ မင်းလှရွာသားနှစ်ဦးကို ခမ်းပတ်မြို့အနီးမှာဖမ်းဆီးခံရ

တမူးမြို့မှ ကလေးမြို့သို့ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ ကလေးမြို့နယ် မင်းလှရွာသား နှစ်ဦးကို ဇွန်လ(၄)ရက် ခမ်းပတ်မြို့အနီးမှာ မူးယစ်တပ်ဖွဲ့(၇)ကဖမ်းဆီးကြောင်း တမူးခရိုင်ပြန်၊ဆက်ထံမှသတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ( ၄)ရက် ညနေ ၆:၄၅ နာရီတွင်မူးယစ်တပ်ဖွဲ့စု(၇)တမူးမှ တပ်ဖွဲ့ဝင်တွေဟာ ခမ်းပတ်မြို့ ထင်းဇင်ကျေးရွာ နဲ့ဘုက္ကန်ကျေးရွာအကြား နန်စပါ တံတားအနီးတွင်မူးယစ်ဆေးဝါးများအားသယ်ဆောင်လာသူကလေးမြို့နယ် မင်းလှကျေးရွာနေ Thawng Than Bat (ထောင်းထန်ဘက်(ခ)ဘက်သာ)အသက်(၃၆)နှစ် မောင်းနှင်ပြီး San Him Thang (ဆန်းဟင်ထန်(ခ) ဆန်းသဲလ်) အသက်(၃၃)နှစ်လိုက်ပါလာသော 125ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ဆပ်ပြာခွက်(၁၂)ခွက်နှင့် ကော်ဗူးငယ် တစ်ဗူးအတွင်းမှစုစုပေါင်းဘိန်းဖြူ မှုန့်အလေးချိန် ၁၂၆.၀၁ ဂရမ်ခန့်နှင့် Buprenorphine (၇၀) ပြား တို့အားရှာဖွေတွေ့ရှိသဖြင့် ခမ်းပတ်နယ်မြေရဲစခန်း ၌ မူး/စိတ် ဥပဒေ ပုဒ်မ၁၉(က)အရအမှုဖွင့် အရေးယူထားတယ်လို့ တမူးခရိုင်ပြန်၊ဆက်ကရေးသားထားပါတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်