မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄

Zalen

မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

လက်ရှိမှာ မောင်တောမြို့နယ်က နောက်ထပ် တပ်စခန်းတွေဖြစ်တဲ့ ကြိမ်ချောင်း နယ်ခြားစောင့်တပ်စခန်း၊ တမန်းသား စစ်ကောင်စီစခန်းနဲ့ ဘူးသီးတောင်မြို့နယ်က ခြေမြန်တပ်ရင်း ခမရ – ၅၅၂ တွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ AAက ထုတ်ပြန်ပါတယ်။

ရန်အောင်မြင်စခန်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့သလို စစ်အသုံးအဆောင်နဲ့ လက်နက်ခဲယမ်းတချို့ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

မောင်တော်မြို့က နောက်ထပ် စခန်းတွေကိုရရှိဖို့ကို ထိုးစစ်ကို အရှိန်မြှင့်ထားတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ် ပလက်၀မြို့ အပါအ၀င် ရခိုင်ပြည်နယ်က မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရမ်းဗြဲစတဲ့ ရှစ်မြို့ကို AAက သိမ်းပိုက်ထားပါတယ်။

Mary

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်